Thursday, September 21, 2017

မဆုတ်မနစ် လျှောက်လှမ်းကြရမည့်ခရီးတွင်

မြန်မာ့အလင်းအယ်ဒီတာအာဘော်

ဒီမိုကရေစီအသွင်ကူးပြောင်းရေး၊ ငြိမ်းချမ်းရေး(ဝါ) တည်ငြိမ်အေးချမ်း ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့သည် ပစ္စက္ခကာလ ပြည်သူတို့၏မျှော်လင့် ချက်များဖြစ်ကြသည်။  ထို့အပြင်  ပြည်သူတို့၏  မျှော်လင့်ချက်များကို အကောင်အထည်ဖော်    ဖြည့်ဆည်းပေးနိုင်ရန်   ကြိုးပမ်းလျက်ရှိသည့် ပြည်သူ့အစိုးရတစ်ရပ်အတွက် စိန်ခေါ်မှုများလည်း ဖြစ်သည်။
မိမိတို့နိုင်ငံအနေဖြင့် ဒီမိုကရေစီခရီးလမ်းပေါ် လျှောက်လှမ်းခဲ့သည်မှာ ဆယ်စုနှစ်တစ်ခုစာ   မရှိသေး။    ဒီမိုကရေစီစနစ်၏   အလေ့အထနှင့် ယဉ်ကျေးမှုတို့ မရင့်ကျက်၊ မပြည့်စုံသေး။ မျိုးဆက်သုံးဆက်ခန့် (ရာစုနှစ် တစ်ဝက်ခန့်)  ဒီမိုကရေစီနှင့်  ကင်းဝေးခဲ့ရသည့်  နိုင်ငံ၏  လက်ရှိအနေ အထားမှာ အလင်းရောင်ကင်းမဲ့သော ဥမင်လိုဏ်ခေါင်း၏ အဆုံးသို့ ရောက်ရှိလာပြီးနောက်  အလင်းရောင်နှင့်  နေသားမကျသေးသည့်နှယ် ဖြစ်သည်။ အမှောင်ထဲမှာ စမ်းတဝါးဝါးလျှောက်ခဲ့ရသော ခြေလှမ်းများက အလင်းရောင်အောက်တွင်လည်း ထင်တိုင်းမပေါက်နိုင်သေး။ သမိုင်း၏ အမွေခံအဖြစ်  ဖြေရှင်းဆောင်ရွက်ရမည့်  သမိုင်ြးေ<ွကးကျန်ပြဿနာ များကလည်း ရှိနေသေးသည်။
''ဒီမိုကရေစီစနစ် ကျင့်သုံးရာမှာလည်း ပြည်သူအများစုရဲ့ မျှော်လင့် ချက်၊ လိုလားတောင့်တချက်များကို ဖြည့်ဆည်းပေးနိုင်ဖို့ ဦးစားပေး ဆောင်ရွက်ရမှာဖြစ်သလို လူနည်းစုများရဲ့ အရေးကိစ္စရပ်များကိုလည်း မလွဲမသွေ ထည့်သွင်းစဉ်းစားဆုံးဖြတ် ဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။ ဒီလိုဆောင်ရွက်ကြရာမှာ  ပြည်သူများရဲ့  မျှော်လင့်ချက်များကို  တရား မျှတမှု၊ တန်းတူညီမျှမှု၊ လွတ်လပ်မှု၊ ထင်သာမြင်သာရှိမှုစတဲ့ ဒီမိုကရေစီ စံနှုန်းများနဲ့အညီ  ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ကြဖို့  အထူးအရေးကြီး ပါတယ်''ဟူ၍ နိုင်ငံတော်သမ္မတ ဦးထင်ကျော်က (၇) နှစ်မြောက် အပြည် ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာတွင် ထည့်သွင်းဖော်ပြခဲ့သည်။
ပြည်သူတို့၏  မျှော်လင့်ချက်များဖြစ်သလို  နိုင်ငံတော်က  အကောင် အထည်ဖော်  ဆောင်ရွက်နေသော  လုပ်ငန်းပန်းတိုင်များဖြစ်သည့်  ဒီမို ကရေစီကူးပြောင်းရေး၊  ငြိမ်းချမ်းရေးနှင့်  သာယာဝပြောရေးတို့သည် တစ်ခုနှင့်တစ်ခု အပြန်အလှန် အမှီသဟဲပြုနေသော ဆက်နွှယ်ဆက်စပ် နေသော အကြောင်းတရားများနှင့် အကျိုးရလဒ်များဖြစ်ကြသည်။မြန်မာ့ လူ့ဘောင်တွင် ဒီမိုကရေစီစံနှုန်းများ ပြည့်ဝလာသည်နှင့်အမျှ ငြိမ်းချမ်း သာယာလာနိုင်မည်ဖြစ်ပြီး   ငြိမ်းချမ်းသည်နှင့်အမျှ   ဖွံ့ဖြိုးတိုးတက်မှု နှင့်အတူ သာယာဝပြောလာမည်ဖြစ်သည်။ တစ်ဖန်ဖွံ့ဖြိုးတိုးတက်မှု ကလည်း ဒီမိုကရေစီနှင့် ငြိမ်းချမ်းမှုတို့ကို ပိုမိုခိုင်မြဲစေမည်ဖြစ်သည်။
''ပြည်သူပြည်သားတို့၏ စိတ်နေစိတ်ထား ရင့်ကျက်ပြည့်ဝမှု၊ အတွေး အခေါ်   မြင့်မားမှုနှင့်   စည်းကမ်းကောင်းမွန်မှုတို့သည်   ဒီမိုကရေစီ ဖော်ဆောင်မှု အောင်မြင်ရန် အဓိကကျသည့်အချက်များဖြစ်ကြောင်း''ဖြင့်လည်း နိုင်ငံတော်သမ္မတ၏ သဝဏ်လွှာ၌ ဖော်ပြထားရာ တိုင်းရင်းသား လူမျိုးစု အများအပြား စုပေါင်းနေထိုင်ကြသည့် မိမိတို့နိုင်ငံကို ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု နိုင်ငံတော်အဖြစ် ဖော်ဆောင်ကြရမည့် အနာဂတ် ခရီးတွင် နိုင်ငံသူနိုင်ငံသား တစ်ဦးချင်းစီအတွက် လိုအပ်သော အရည် အချင်းများပင် ဖြစ်သည်။
ဒီမိုကရေစီ   ဖက်ဒရယ်ပြည်ထောင်စု   ပန်းတိုင်ဆီသို့   မဆုတ်မနစ် လျှောက်လှမ်းကြရမည့်ခရီးတွင် အရည်အချင်းပြည့်ဝသော နိုင်ငံသူ နိုင်ငံသားများအဖြစ်     အားလုံးက    တက်ြ<ွကစွာပါဝင်ကြရေးအတွက် တိုက်တွန်းနှိုးဆော်အပ်ပါကြောင်း။         ။

No comments:

Post a Comment