Monday, September 25, 2017

သိမှတ်ဖွယ်ရာ ဗဟုသုတအဖြာဖြာ (၂ဝ၁၇) စာအုပ် ထွက်ပြီ





 နေပြည်တော် စက်တင်ဘာ ၂၄



 ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက စီစဉ်ထုတ်ဝေသော ''သိမှတ်ဖွယ်ရာ ဗဟုသုတ အဖြာဖြာ (၂ဝ၁၇)'' စာအုပ်သည် ပြည်သူများ အသိÓဏ်ဗဟုသုတပြည့်စုံ စေရန်၊ ရာထူးဝန်စာမေးပွဲများ၊ ပြန်တမ်းဝင်ခွင့်စာမေးပွဲများ ဖြေဆိုရာတွင် အထောက် အကူဖြစ်စေရန်နှင့် အခြားသိရှိလိုသည့်အချက်အလက်များကို တစ်စုတစ်စည်းတည်း ရှာဖွေလေ့လာဖတ်ရှုနိုင်စေရန် ရည်ရွယ်၍ ၂ဝဝ၈ ခုနှစ်မှ စတင်ကာ နှစ်စဉ် ထုတ်ဝေခဲ့ သော စာအုပ်ဖြစ်ပါသည်။
ဤစာအုပ်တွင် မြန်မာ့ရေးရာနှင့်ပတ်သက်သည့်အချက်အလက်များ၊ တပ်မတော် ဆိုင်ရာ သိမှတ်ဖွယ်ရာအချက်အလက်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဆိုင်ရာ အချက်အလက် များ၊ နိုင်ငံတကာရေးရာ၊ ဘာသာရေးဆိုင်ရာ၊ အထွေထွေသိမှတ်ဖွယ်ရာများနှင့် ပတ်သက်၍ နောက်ဆုံးအခြေအနေများကို ထည့်သွင်းဖြည့်စွက်ထားသည်။ ကျန်းမာ ရေးဆိုင်ရာ သိမှတ်ဖွယ်ရာများ၊ သံတမန်ဆိုင်ရာ သိမှတ်ဖွယ်ရာများနှင့် နိုင်ငံ့ဝန်ထမ်း လျှောက်ထားခြင်းဆိုင်ရာ သိမှတ်ဖွယ်ရာများလည်း ပါရှိသည်။
ထို့ပြင် နိုင်ငံတော်သမ္မတဦးထင်ကျော် ပြောကြားခဲ့သည့် မိန့်ခွန်းကောက်နုတ် ချက်များနှင့် သဝဏ်လွှာကောက်နုတ်ချက်များ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြောကြားခဲ့သည့် မိန့်ခွန်းကောက်နုတ်ချက်များနှင့် သဝဏ်လွှာ ကောက်နုတ်ချက်များ၊ ပြည်ထောင်စုလွှတ်တော်နှင့် ပြည်ထောင်စုအစိုးရအဖွဲ့တို့က အတည်ပြုခန့်ထားခဲ့သော ပုဂ္ဂိုလ်များနှင့် ရာထူးနေရာများလည်း ပါဝင်သည့်အတွက် အိမ်တိုင်းရှိ စာအုပ်စင်တိုင်းတွင် ဆောင်ထားသင့်သည့် စာအုပ်ဖြစ်သည်။
ယင်းစာအုပ်ကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ၂ဝ၁၇ ခုနှစ် စက်တင်ဘာလတွင် ထုတ်ဝေပြီး တစ်အုပ်လျှင် ငွေကျပ် ၂ဝဝဝ နှုန်းဖြင့် ဖြန့်ချိရောင်းချ လျက်ရှိကြောင်း သိရသည်။ (သတင်းစဉ်)

No comments:

Post a Comment