Friday, September 1, 2017

နေရပ်စွန့်ခွာဒုက္ခသည်များအား ထောက်ပံ့နိုင်ရေးသံတွဲမြို့၌ အလှူခံဆောင်ရွက်

Image may contain: 5 people, people smiling, people standing
သံတွဲ သြဂုတ် ၃၁
ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောခရိုင်၌ ဖြစ်ပွားလျက်ရှိသောARSA အစွန်းရောက်အကြမ်းဖက်သမားများ၏ တိုက်ခိုက်မှုကြောင့် နေရပ်စွန့်ခွာ နေကြရသည့် ဒေသခံတိုင်းရင်းသားများအား ကူညီထောက်ပံ့မှုပေးနိုင်ရေး အတွက် ရခိုင်ပြည်နယ်တောင်ပိုင်း သံတွဲမြို့ရှိ လူငယ်ပရဟိတအဖွဲ့များ၊ စာပေဝါသနာရှင်များ၊ အရပ်ဘက်အဖွဲ့အစည်းများကွန်ရက် (ငပလီမြို့)အဖွဲ့များစုပေါင်း၍ သြဂုတ် ၂၉ ရက် နံနက်မှစတင်ကာ မြို့ပေါ်ရပ်ကွက်များနှင့် လက်လှမ်းမီရာနေရာဒေသများသို့ လှည့်လည်အလှူခံဆောင်ရွက်ခြင်းနှင့် သံတွဲမြို့နယ်ခန်းမတွင် အလှူခံဌာန ဖွင့်လှစ်ဆောင်ရွက်လျက်ရှိပြီး နေရပ် စွန့်ခွာဒုက္ခသည်များထံအရောက် သွားရောက်လှူဒါန်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)

No comments:

Post a Comment