Tuesday, August 29, 2017

YBS ယာဉ်မောင်း ကားခသေတ္တာသော့ဖျက်၍ ငွေများယူဆောင်သွား

Image may contain: one or more people, people standing and indoor
ရန်ကုန် သြဂုတ် ၂၈
YBSကုမ္ပဏီပိုင်ယာဉ်အမှတ် ၄က/----ယာဉ်၏ ကုမ္ပဏီယာဉ်မောင်းက ယာဉ်အား ကုမ္ပဏီသို့ပြန်မဝင်ဘဲ ကားပေါ်ပါခရီးသည်များ ကားခထည့်သော သေတ္တာပုံးအား သော့ဖျက်ပြီး ငွေများအား ယူဆောင်သွားကြောင်း သိရသည်။
ဖြစ်စဉ်မှာ သြဂုတ် ၂၆ ရက်တွင် ကုမ္ပဏီယာဉ်မောင်း အေးဝင်းထွန်းသည် ၎င်းမောင်းနှင်သော အမှတ်(၆)ယာဉ်လိုင်းမှ ယာဉ်အမှတ် ၄က/--ယာဉ်အား ယာဉ်ပြန်သိမ်းချိန်တွင် ကုမ္ပဏီသို့ ပြန်လည်မအပ်နှံသဖြင့် သြဂုတ် ၂၇ ရက် တွင်YBSကုမ္ပဏီဒါရိုက်တာ ဦးတင်ဝင်းနှင့် ယာဉ်မောင်းတစ်ဦးတို့က လိုက်လံရှာဖွေရာ နံနက် ၉ နာရီခွဲခန့်တွင် အဆိုပါယာဉ်အား ယာဉ်မောင်း အေးဝင်းထွန်းနှင့်အတူ လှိုင်သာယာမြို့နယ် (၃)ထိပ် မှတ်တိုင်အနီးတွင်တွေ့ရှိခဲ့ သည်။ ယာဉ်အားစစ်ဆေးရာ ကားမှာပျက်စီးနေပြီး ယာဉ်မောင်အေးဝင်းထွန်း သည် ယာဉ်ပေါ်ပါခရီးသည်များကားခထည့်ထားသော သေတ္တာပုံးသော့အား ဖျက်ဆီးပြီး ငွေကျပ် ၇၇၈ဝဝ အား ကုမ္ပဏီမှ ခွင့်ပြုချက်မရဘဲ ထုတ်ယူထားသည်ကို စစ်ဆေးတွေ့ရှိရသဖြင့် ကုမ္ပဏီပိုင်ငွေအားထုတ်ယူသုံးစွဲသူ အေးဝင်းထွန်းအား ဥပဒေအရအရေးယူပေးပါရန်YBSကုမ္ပဏီဒါရိုက်တာက တရားလိုပြုလုပ်တိုင်တန်းထားကြောင်း သိရသည်။
စွန်ရဲ(လှိုင်သာယာ)

No comments:

Post a Comment