Tuesday, August 29, 2017

ဧရာဝတီမြစ်အတွင်း ထင်းဖောင်များအတွင်းမှ တရားမဝင်ကျွန်းသစ်နှင့် အင်သစ်များ သိမ်းဆည်းရမိ

Image may contain: outdoor
ကသာ သြဂုတ် ၂၈
စစ်ကိုင်းတိုင်းဒေသကြီး ကသာမြို့နယ်နှင့် ကချင်ပြည်နယ် ရွှေကူမြို့နယ်အစပ် ကောက်ကွေ့ချောင်းအောက်နားတွင် ကသာခရိုင် သစ်တောဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးသောင်းနိုင် ဦးဆောင်သော ပူးပေါင်းအဖွဲ့ သည် ဆက်စပ်သတင်းအရ သြဂုတ် ၂၅ ရက်က ထင်းဖောင် ၁ဝ တွဲအား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
အဆိုပါသစ်ဖောင်များအား ညောင်ခြေထောက်သစ်ဆိပ်သို့ ဆွဲမော်တော် များဖြင့် ဆွဲယူခဲ့ပြီး ကသာ၊ အင်းတော်နှင့် ထီးချိုင့်မြို့နယ်တို့မှ သစ်တောဝန်ထမ်း များပူးပေါင်းကာ ထင်းဖောင်များအတွင်းမှ တရားမဝင်သစ်များ ရှာဖွေစစ်ဆေး တိုင်းတာခဲ့ရာ သြဂုတ်၂၇ ရက်အထိ ထင်းဖောင်သုံးဖောင်အတွင်းမှ တရား မဝင် ကျွန်းသစ် ၁၃၁၆ လုံး (၈၉ ဒသမ ၆၉၄ တန်)အား သိမ်းဆည်းရရှိထားပြီဖြစ် ကြောင်း၊ ကျန်ထင်းဖောင် ခုနစ်တွဲကိုလည်း ဆက်လက်ရှာဖွေသွားမည်ဖြစ် ကြောင်း ကသာခရိုင် သစ်တောဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးသောင်းနိုင်က ပြောကြားသည်။
အဆိုပါပူးပေါင်းအဖွဲ့မှာ သြဂုတ် ၁၉ ရက်က ကသာမြို့နယ် နလယ် အင်းကျေးရွာအနီး ဧရာဝတီမြစ်အတွင်း ထင်းဖောင် ခုနစ်တွဲမှ တရားခံ ခုနစ်ဦးနှင့်အတူ ကျွန်းသစ်နှင့် အင်သစ် အလုံး ၇၄ဝ (၆၄ ဒသမ ၇၂၄ တန်)ကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
မောင်ချစ်လင်း(အင်းတော်)

No comments:

Post a Comment