Tuesday, August 29, 2017

နှစ်နိုင်ငံချစ်ကြည်ရေး ပိုမိုခိုင်မြဲစေရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များ ဆွေးနွေး

Image may contain: 3 people, people sitting and indoor
နေပြည်တော် သြဂုတ် ၂၈
အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းသည် ဂျပန်-မြန်မာ လွှတ်တော်ချင်း ချစ်ကြည်ရင်းနှီးရေးအသင်း အထွေထွေအတွင်းရေးမှူး၊ ဂျပန်အောက်လွှတ်တော် အမတ်H.E. Mr. Kozo YAMAMOTOနှင့် အဖွဲ့အား ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော် ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များ၊ နှစ်နိုင်ငံ လွှတ်တော်ချင်း ချစ်ကြည်ရေးမြှင့်တင်ပြီး နှစ်နိုင်ငံချစ်ကြည်ရေး ပိုမိုခိုင်မြဲစေ ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံပွဲသို့ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်၊ အမျိုးသား လွှတ်တော် မြန်မာ - ဂျပန် လွှတ်တော်ချင်း ချစ်ကြည်ရင်းနှီးရေး အသင်းအဖွဲ့ဝင်များနှင့် အမျိုးသားလွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
(သတင်းစဉ်)

No comments:

Post a Comment