Wednesday, August 2, 2017

Miss Myanmar International သရဖူကို အလှမယ် စဝ်ယွန်းဝတီဦး ဆွတ်ခူး

Image may contain: 2 people, people smiling, people standing, flower and text
ရန်ကုန် သြဂုတ် ၁
ဂျပန်နိုင်ငံ တိုကျိုမြို့၌ ကျင်းပမည့် Miss International Beauty Pageant အလှမယ်ပြိုင်ပွဲကြီးတွင် နိုင်ငံ ကိုယ်စားပြုဝင်ရောက်ယှဉ်ပြိုင်နိုင်စေရန်အတွက် အရည် အချင်းပြည့်ဝပြီး ထူးချွန်ထက်မြက်လှပသည့် အမျိုးသမီး တစ်ဦး ရွေးချယ်ပေးမည့် Miss Myanmar International 2017 ပြိုင်ပွဲအခမ်းအနားကို သြဂုတ် ၁ ရက် ညပိုင်းက ရန်ကုန်မြို့ ပြည်လမ်းရှိ Novotel ဟိုတယ်၌ ကျင်းပခဲ့ရာ Miss Myanmar International အလှမယ်သရဖူကို ခါးနံပါတ်(၂ဝ) စဝ်ယွန်းဝတီဦးက ဆွတ်ခူးခဲ့သည်။
မြန်မာအမျိုးသမီးငယ်တို့၏ လှပတင့်တယ်မှုပင်ကို စွမ်းရည်၊ ဥာဏ်ရည်ဥာဏ်သွေးထက်မြက်မှုတို့ကို ဝင်ရောက်ယှဉ်ပြိုင်သည့် အလှမယ် ၂ဝ ထဲမှ SMS ဖြင့် မဲပေးမှု၊ စခန်းသွင်းလေ့ကျင့်စဉ်ကာလအတွင်းရရှိသော အမှတ်၊ နောက်ဆုံးပြိုင်ပွဲမှ အကဲဖြတ်ဒိုင်များ၏ပေးမှတ် များဖြင့် ယခုကဲ့သို့စိစစ်ရွေးချယ်ပေးခဲ့ခြင်းဖြစ်သည်။ ပြိုင်ပွဲ တွင်1st Runner Up ဆုကို ခါးနံပါတ်(၅) ထွန်းပုလဲ ရတနာနှင့် 2nd Runner Up ဆုကို ခါးနံပါတ် (၁) အိကေဇင်သိန်း၊ ပရိသတ်အကြိုက်အများဆုံးမဲပေးခံရ သည့် Miss Popular ဆုကို ခါးနံပါတ် (၂၂ )စိုးရတနာ ထွန်း၊ Miss Congeniality ဆုကို ခါးနံပါတ် (၁၂) မေလီဆန်အောင်၊ Miss Photogenic ဆုကို ခါးနံပါတ် (၁၅) မိုးသဉ္စာလွင်တို့က အသီးသီးရရှိခဲ့သည်။
ယင်းပြိုင်ပွဲကြီးကိုStellar Seven Entertainment က ကြီးမှူးပြီး မြန်မာနိုင်ငံခရီးသွားလုပ်ငန်းဈေးကွက် မြှင့်တင်ရေးအသင်း၏ ပံ့ပိုးကူညီမှုဖြင့် ခြောက်ကြိမ်မြောက် ကျင်းပခြင်းဖြစ်သည်။ ၂ဝ၁၂ ခုနှစ်က စတင်ကျင်းပခဲ့သည့် Miss Myanmar International ပြိုင်ပွဲတွင် သရဖူကို ရုပ်ရှင်နှင့် ဗီဒီယိုသရုပ်ဆောင် နန်းခင်ဇေယျာ၊ ၂ဝ၁၃ ခုနှစ်တွင် အလှမယ်ဂုဏ်ရည်အေးကျော်၊ ၂ဝ၁၄ ခုနှစ် တွင် 1st Runner Up ဆုရှင် မေဘဏီသော်နှင့် ၂ဝ၁၅ ခုနှစ်တွင် အမရာငြိမ်း၊ ၂ဝ၁၆ ခုနှစ်တွင် အင်ကြင်းထူး တို့ကို နိုင်ငံကိုယ်စားပြုအဖြစ်အသီးသီးစေလွှတ်ခဲ့ပြီး ဖြစ်ရာ ယခုနှစ်အတွက် Miss Myanmar International 2017 သရဖူရရှိသူ စဝ်ယွန်းဝတီဦးသည် နိုဝင်ဘာ ၁၄ ရက်တွင် ဂျပန်နိုင်ငံ၌ ကျင်းပမည့် Miss International 2017 ပြိုင်ပွဲကြီးသို့ မြန်မာနိုင်ငံကိုယ်စားပြုသွားရောက် ယှဉ်ပြိုင်ရတော့မည်ဖြစ်သည်။
သတင်း-ခင်ဇာလီ၊
ဓာတ်ပုံ-အေးမင်းသူ

No comments:

Post a Comment