Tuesday, August 29, 2017

'Look What You Made Me Do' တေးဗီဒီယိုနဲ့ ကြည့်ရှုသူအများဆုံးစံချိန်သစ်တင်လိုက်တဲ့ တေလာဆွစ်

Image may contain: 1 person, standing
ယခုနှစ်ကုန်ပိုင်းမှာ တေးအယ်လ်ဘမ်သစ်ကိုထုတ်လွှင့်သွား မှာဖြစ်ပြီး လတ်တလောမှာတော့ တေးအယ်လ်ဘမ်သစ်မှာ ပါဝင်တဲ့ တေးသီချင်းတစ်ပုဒ်ကို ပထမဆုံးအကြိမ်အဖြစ် ထုတ်လွှင့်ခဲ့တဲ့ ပေါ့ပ်ကြယ်ပွင့်တေလာဆွစ်ဟာ တေးဂီတနဲ့ပတ်သက်တဲ့စံချိန်သစ်တစ်ရပ်ကို ထပ်မံတင်နိုင်ခဲ့ပြီဖြစ် ပါတယ်။ ပြီးခဲ့တဲ့ ကြာသပတေးနေ့က စတင်ထုတ်လွှင့်ခဲ့တဲ့ ''Look What You Made Me Do''တေးသီချင်းရဲ့ တေးသီချင်းစာသားတွေနဲ့အတူ ကွန်ပျူတာဖန်တီးမှုနဲ့ ပြုလုပ်ထားတဲ့ အဆိုပါတေးသီချင်းရဲ့ တေးဗီဒီယိုဟာ အွန်လိုင်းပေါ်ကနေတစ်ဆင့် ကြည့်ရှုသူပရိသတ်အများဆုံး ရရှိခဲ့တဲ့ တေးဗီဒီယိုအဖြစ် ရပ်တည်နေခဲ့တာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ တနင်္ဂနွေနေ့မှာတော့ တေလာဆွစ်က ''Look What You Made Me Do'' ရဲ့ တေးဗီဒီယိုကို ထုတ်လွှင့်ပေးခဲ့ပြီး ဒီလိုတေးဗီဒီယိုအပြည့်အစုံကို ထုတ်ဖော် ပြသခဲ့ခြင်းမရှိမီက တေးသီချင်းစာသားတွေနဲ့အတူ ကွန်ပျူတာဖန်တီးမှုနဲ့ ပြုလုပ်ထားတဲ့ တေးဗီဒီယိုကို ဦးစွာ ထုတ်လွှင့်ခဲ့တာဖြစ်ပါတယ်။ ယင်းတေးဗီဒီယိုဟာ ပြီးခဲ့တဲ့ သြဂုတ် ၂၆ ရက်အထိ အွန်လိုင်းပေါ်ကနေတစ်ဆင့် ကြည့်ရှုသူပရိသတ် ၂၉ သန်းကျော်ရှိခဲ့ပြီး အွန်လိုင်း တေးဂီတဝက်ဘ်ဆိုက်တစ်ခုဖြစ်တဲ့ ယူကျု့ပ်ပေါ်မှာတော့ ပရိသတ်အများဆုံးကြည့်ရှုခဲ့တဲ့ တေးသီချင်းစာသားတွေ ပါဝင်နေတဲ့ တေးဗီဒီယိုတစ်ခုဖြစ်ခဲ့ကြောင်း အေ့စ်ရှိုးဘစ်ဇ် ဒေါ့ကွန်းရဲ့ ဖော်ပြချက်တွေအရ သိရပါတယ်။
ပြီးခဲ့တဲ့ သောကြာနေ့က စတင်ထုတ်လွှင့်ခဲ့တဲ့ ''Look What You Made Me Do''တေးသီချင်းစာသားဗီဒီယိုဟာ စတင်ထုတ်လွှင့်ခဲ့ပြီးနောက် ၂၄ နာရီအတွင်းမှာ ပရိသတ် ၁၉ သန်းကျော်ရရှိခဲ့တာလည်း ဖြစ်ပါတယ်။ တေးလာဆွစ် အရင် ကြည့်ရှုသူအများဆုံးစံချိန်တင်ထားခဲ့တဲ့ တေးသံရှင် ကတော့ ကိုးဒ်ပလေးဖြစ်ပြီး ''The Chainsmokers''တေးဂီတအဖွဲ့နဲ့ တွဲဖက်သီဆိုထားတဲ့တေးသီချင်း ''Something Just Like This'' နဲ့ စံချိန်တင်ခဲ့ကာ ၂၄ နာရီအတွင်း ပရိသတ် ကိုးသန်းကျော်ရရှိခဲ့တာကြောင့် လတ်တလောမှာတော့ တေလာဆွစ်က ၂၄ နာရီအတွင်း ပရိသတ် ၁၉ သန်းကျော်ရရှိခဲ့ကာ စံချိန်သစ်တင်ခဲ့ပါ တယ်။
တေလာဆွစ်ရဲ့ တေးသီချင်းသစ်ဟာ အွန်လိုင်းမီဒီယာ ပေါ်ကနေတစ်ဆင့် ဝယ်ယူအားပေးသူတွေအထူးများပြား နိုင်ကြောင်းလည်း မျှော်လင့်ရပါတယ်။ စတင်ထုတ်လွှင့်ခဲ့ သည်မှ ၂၄ နာရီအတွင်း ဝက်ဘ်ဆိုက်ပေါ်ကနေတစ်ဆင့် ကူးယူခံရတဲ့အကြိမ်ပေါင်း နှစ်သိန်းကျော်ရှိခဲ့ကာ ပထမ သီတင်းပတ်အကုန်မှာတော့ ၅၅ဝဝဝဝ ခန့်ရှိလာနိုင် ကြောင်းလည်း ကျွမ်းကျင်သူတွေက ခန့်မှန်းခဲ့ကြပါတယ်။
ထွက်ရှိခဲ့ပြီးဖြစ်တဲ့ တေလာဆွစ်ရဲ့ တေးသီချင်းတွေ အနက် ပထမသီတင်းပတ်အတွင်း ရောင်းအားအကောင်းဆုံး ဖြစ်ခဲ့တဲ့ တေးသီချင်းတွေကတော့ ၂ဝ၁၂ ခုနှစ်အတွင်း စတင်ထုတ်လွှင့်ခဲ့တဲ့ တေးသီချင်း ''We Are Never Ever Getting Back Together'' (၆၂၃ဝဝဝ) နဲ့ ၂ဝ၁၄ ခုနှစ် အတွင်း စတင်ထုတ်လွှင့်ခဲ့တဲ့ ''Shake It Off'' (၅၄၄ဝဝဝ) တို့ပဲ ဖြစ်ကြပါတယ်။ အလားတူ ဗြိတိန်ပေါ့ပ်ကြယ်ပွင့် အဒဲလ်ရဲ့ ၂ဝ၁၅ ခုနှစ်အတွင်းထွက်ရှိခဲ့တဲ့တေးသီချင်း ''ံHello'' ကတော့ ပထမသီတင်းပတ်အတွင်း ကူးယူခံရတဲ့ အကြိမ်ပေါင်း ၆၅၃ဝဝဝ ရှိခဲ့ပါတယ်။
''Look What You Made Me Do'' တေးသီချင်းဟာ လာမယ့် နိုဝင်ဘာ ၁ဝ ရက်မှာ စတင်ထုတ်လွှင့်သွားမယ့် တေလာဆွစ်ရဲ့တေးအယ်လ်ဘမ်သစ် ''Reputation'' မှာ ပါဝင်တဲ့တေးသီချင်းတစ်ပုဒ်ဖြစ်ကာ ယင်း တေးအယ်လ်ဘမ် ဟာ ပြီးခဲ့တဲ့ ၂ဝ၁၄ ခုနှစ်အတွင်း ထုတ်လွှင့်ခဲ့တဲ့ ''1989''တေးအယ်လ်ဘမ်ပြီးနောက် ပထမဆုံးပြန်လည်ထုတ်လွှင့် ခဲ့တဲ့ တေးအယ်လ်ဘမ်ဖြစ်ပြီး တေလာဆွစ်ရဲ့ ခြောက်ခုမြောက် တေးအယ်လ်ဘမ်လည်း ဖြစ်ပါတယ်။
အေးပြည့်

No comments:

Post a Comment