Tuesday, August 29, 2017

တရားသဖြင့်ကို ဒီဇင်ဘာမှာတရားဝင်ဖြန့်မယ့် ဝန

Image may contain: 1 person, smiling, sitting and shoes
အနီးဆုံးလူ၊ အမှတ်တရ၊ အရှုံးနဲ့လူ စတဲ့ တေးသီချင်းတွေနဲ့ ပရိသတ်အားပေး မှုရရှိထားတဲ့ တေးသံရှင် ဝနရဲ့ ဒုတိယတစ်ကိုယ်တော်စီးရီး လာမယ့်ဒီဇင်ဘာလမှာ ထွက်ရှိမယ်လို့ သိရပါတယ်။ တရားသဖြင့်လို့အမည်ပေးထားတဲ့ ဒီတေးစီးရီးနဲ့ ပတ်သက်ပြီး တေးသံရှင် ဝနက အခုလိုပြောပြခဲ့ပါတယ်။
''တရားသဖြင့်က ဒီဇင်ဘာမှာ ထွက်နိုင်ဖို့များပါတယ်။ သီချင်းအားလုံး ၁၂ ပုဒ်ပါမယ်။ ပထမအခွေနဲ့ နည်းနည်းတော့ကွာမယ်။ အကြောင်းအရာတွေကတော့ အချစ်သီချင်းတွေပဲ များမယ်။ အချစ်သီချင်းပါမယ်။ ဒဿနဆန်တာပါမယ်။ ဒီ အခွေကို လုပ်နေတာသုံးနှစ်ရှိပြီ။ အကြောင်းအမျိုးမျိုးကြောင့် ကြာနေတာပါ။ လောဘကြီးတာကြောင့်လည်း ပါတယ်။ ပရိသတ်တွေကို အကောင်းဆုံးတွေပဲ ပေးချင်တဲ့လောဘကြောင့် မတရားသဖြင့်ကြာသွားတဲ့ တရားသဖြင့်အတွက် အားလုံးကို အားနာပါတယ်လို့ပြောချင်ပါတယ်'' ဆိုပြီး ဝနက ပြောပြခဲ့ပါတယ်။
ဒါ့အပြင်ဒုတိယစီးရီးခေါင်းစဉ်ကို တရားသဖြင့်လို့ အမည်ပေးဖြစ်ခဲ့တာနဲ့ ပတ်သက်ပြီး သူကရှင်းပြခဲ့ပါသေးတယ်။
''တရားသဖြင့်ဆိုတဲ့ခေါင်းစဉ်ပေးဖြစ်တာက အမှန်ကတော့အချစ်သီချင်း ပါပဲ။ ကိုယ့်ချစ်သူကောင်မလေးနဲ့ကိုယ်နဲ့ ဘာသာတွေ၊ အယူအဆတွေမတူတဲ့ အခါကျတော့ တရားသဖြင့် ကိုယ့်ဘက်ကို စဉ်းစားပေးပါဦးဆိုတဲ့ပုံစံလေး ရေးထားတာပါ။ မိဘတွေကိုလည်း အပြစ်မပြောဘူး။ ဒါပေမယ့် ကိုယ့်ဘက်ကိုလည်း စဉ်းစားပေးပါပေါ့။ ဒါလေးပါပဲ''လို့ ဝနက ပြောပြခဲ့ပါတယ်။
ဒီစီးရီးမှာ သူကိုယ်တိုင်ရေးသားထားတဲ့တေးသီချင်း ခုနစ်ပုဒ်ပါဝင်ပြီး အခြား တေးရေးတွေဖြစ်တဲ့ အားဆိမ်၊ သောင်းလှိုင်၊ သားသား၊ ဇီးရိုးနဲ့ နိုင်လေးတို့ ပါဝင်ရေးသားပေးထားကြတယ်လို့ သိရပါတယ်။
မေနှင်းဆီ။

No comments:

Post a Comment