Tuesday, August 1, 2017

ဟင်္သာတမြို့နယ်၌H1N1 ကြိုတင်ကာကွယ်ရေးအသိပညာပေး လက်ကမ်းစာစောင်နှင့် ဗီနိုင်းများ စိုက်ထူ

Image may contain: 1 person, outdoor
ဟင်္သာတ ဇူလိုင် ၃၁
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့နယ် အရပ်ဘက်အဖွဲ့ အစည်းများ စုပေါင်းပြီး H1N1ရာသီတုပ်ကွေးကြိုတင် ကာကွယ်ရေးအတွက် ကျန်းမာရေးအသိပညာပေး လက်ကမ်းစာစောင်နှင့် mask များကို ဇူလိုင် ၃၁ ရက် နံနက်ပိုင်းက လူစည်ကားသည့် ဈေးများ၊ သင်္ဘောဆိပ်၊ မီးရထားဘူတာရုံနှင့် ကားဂိတ်များတွင် လိုက်လံဖြန့်ဝေ လှူဒါန်းခဲ့သည်။
အဆိုပါအဖွဲ့များသည် ခရိုင်မီးသတ်ဦးစီးဌာန ခရိုင် ဆေးရုံကြီးနှင့် ခရိုင်ပရဟိတအဖွဲ့များ ကွန်ရက်များအတွက် လည်း ပေးအပ်လှူဒါန်းခဲ့ကြောင်းသိရပြီး mask ၅ဝ၂ဝ နှင့် လက်ကမ်းစာစောင် ၆၉ဝဝ ကို ဖြန့်ဝေလှူဒါန်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
အလားတူ ဟင်္သာတခရိုင် လူနာတင် နာရေးနှင့်သဘာဝ ဘေးကူညီကယ်ဆယ်ရေးပရဟိတအဖွဲ့များကွန်ရက်မှ လူစည်ကားသည့် နေရာများနှင့် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနရုံးတို့တွင် H1N1 ရာသီတုပ်ကွေး ကြိုတင်ကာကွယ်ရေးအတွက် ကျန်းမာရေးအသိပညာပေး ဗီနိုင်းဆိုင်းဘုတ်များ စိုက်ထူပေးခဲ့ပြီး ဟင်္သာတခရိုင် အတွင်းရှိ မြို့နယ်များတွင်လည်း ဆက်လက်စိုက်ထူသွား မည်ဖြစ်ကြောင်း သိရသည်။
ကျော်ကျော်(ပြန်/ဆက်)

No comments:

Post a Comment