Tuesday, August 1, 2017

ကော့သောင်းမြို့တွင် ရာသီတုပ်ကွေးH1N1နှင့် ကြက်ငှက်တုပ်ကွေးH5N1ရောဂါ ကာကွယ်ရေးလုပ်ငန်းများ အဖွဲ့အစည်းပေါင်းစုံ ပူးပေါင်းဆောင်ရွက်

Image may contain: 8 people, people standing
ကော့သောင်း ဇူလိုင် ၃၁
နိုင်ငံတစ်ဝန်းကူးစက်ဖြစ်ပွားလျက်ရှိသည့် ရာသီတုပ်ကွေးH1N1နှင့် ကြက်ငှက်တုပ်ကွေးံH5N1ရောဂါကာကွယ်ရေး လုပ်ငန်းများအား ကော့သောင်းမြို့တွင် ဇူလိုင် ၃၁ ရက် နံနက်ပိုင်းက အဖွဲ့အစည်းပေါင်းစုံပူးပေါင်းဆောင်ရွက်ကြကြောင်း သိရသည်။
တနင်္သာရီတိုင်းဒေသကြီးအတွင်း ကြက်ငှက်တုပ်ကွေး ရောဂါH5N1ဗိုင်းရပ် ကြိုတင်ကာကွယ်တားဆီးခြင်းနှင့် အသိပညာပေးခြင်းနည်းလမ်းပေါင်းစုံဖြင့် ဒေသအတွင်း တာဝန်ရှိ အဖွဲ့အစည်းပေါင်းစုံ ပူးပေါင်းဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်ပိုင်းက ကော့သောင်းခရိုင်နှင့် မြို့နယ်အုပ်ချုပ် ရေးအဖွဲ့အစည်းမှတာဝန်ရှိသူများ၊ ကျန်းမာရေးဦးစီးဌာနဝန်ထမ်း များ၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်း များ၊ အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့များ၊ ကမ္ဘာလှည့်ခရီးသည်လုံခြုံရေး ရဲတပ်ဖွဲ့နှင့် အရပ်ဘက်လူမှုအဖွဲ့အစည်းများဖြင့် ကော့သောင်း မြို့ မြို့မဆိပ်ကမ်းတံတား၊ မြို့မဈေးနှင့် ကမ်းနားလမ်း တစ်လျှောက် အများပြည်သူရောဂါကြိုတင်ကာကွယ်ရေး အဖြစ် ရေလမ်းခရီးဖြင့် မြို့တွင်းသို့ဝင်ရောက်မည့်သူများ၊ ထိုင်းနိုင်ငံမှတစ်ဆင့် လာရောက်သည့် နိုင်ငံခြားခရီးသွား ဧည့်သည်များ၊ ထိုင်းနိုင်ငံမှပြန်လာသည့် မြို့နေပြည်သူများ တစ်ဦးချင်းစီသိုFace Mask Coverများ လိုက်လံတပ်ဆင် ပေးခြင်း၊ အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ လူအသွားအလာ များပြားရာနေရာများတွင် ပညာပေးဗီနိုင်း ပိုစတာများဖြင့် ကြော်ငြာအသိပေးခြင်းလုပ်ငန်းများ ပူးပေါင်း ဆောင်ရွက်ခဲ့ကြခြင်းဖြစ်သည်။
ကော့သောင်းခရိုင်အနေဖြင့် အဆိုပါရောဂါပိုး တွေ့ရှိကူးစက်ပြန့်ပွားမှု မရှိသေးသော်လည်း ပျံ့နှံ့မဖြစ်ပွား ရေး အသိပညာပေးခြင်း၊ ကြိုတင်ကာကွယ်ခြင်းလုပ်ငန်းများ လူထုလှုပ်ရှားမှုအသွင်ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကျော်စိုး(ကော့သောင်း)

No comments:

Post a Comment