Tuesday, August 1, 2017

တာချီလိတ်၌ ရာသီတုပ်ကွေး (H1N1)နှင့် ပတ်သက်၍ ပြည်သူများ ကြိုတင် ကာကွယ်နိုင်ရေး အသိပညာပေး

Image may contain: 3 people, people smiling, people standing
တာချီလိတ် ဇူလိုင် ၃၁
မြန်မာ- ထိုင်း နယ်စပ်ဒေသဖြစ်သည့် တာချီလိတ်မြို့၌ ရာသီတုပ်ကွေး (H1N1)နှင့် ပတ်သက်၍ ပြည်သူများ သွားလာမှုအများဆုံး နေရာများ၊ လူစည်ကားရာနေရာ များတွင် ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ကျန်းမာ ရေးဆိုင်ရာအသိပညာပေးခြင်း၊Maskများ အခမဲ့ပေး ဝေပြီး မှန်ကန်စွာ တပ်ဆင်အသုံးပြုတတ်စေရေး အသိ ပညာပေးခြင်းကို ဇူလိုင် ၂၉ ရက် နံနက်က စတင်ဆောင် ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ခရိုင်ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ ခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာဇင်ကိုကိုအောင် နှင့် ဝန်ထမ်းများက ရာသီတုပ်ကွေး (H1N1) ဆိုင်ရာ သိကောင်းစရာများအား ကြိုတင်ကာကွယ်ရေးအသိပညာ ပေးခြင်း၊Mask များ အခမဲ့ဖြန့်ဝေပေးပြီး စနစ်တကျ မှန်ကန်စွာ တပ်ဆင်အသုံးပြုနိုင်ရေး ပြသပေးခြင်းနှင့် အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေခြင်းကို လူစည်ကားရာနေရာများဖြစ်သည့် မြန်မာ-ထိုင်းချစ်ကြည် ရေးတံတားအမှတ်(၁)၊ တာလော့ဈေး၊ ဗယ်လင်တိုင်း (ကဖေးနှင့်အအေး)၊ သစ္စာ (ကဖေးနှင့်အအေး)၊ ပါဆတ် ကားလေးဝင်း၊ မြို့ပေါ်ရှိ ဈေးများ၊ မြို့တွင်းကားဂိတ်များ နှင့် လေဆိပ်တို့တွင် ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက် လျက်ရှိသည်။
ထို့အပြင် လက်ဖက်ရည်ဆိုင်များတွင် လာရောက် စားသုံးသူများအား (ံH1N1)နှင့် ပတ်သက်၍ ကျန်းမာရေး အသိပညာပေး CD ခွေများ ဖွင့်လှစ်ပြသနိုင်ရေး ဖြန့်ဝေ ပေးခြင်း၊ ပြည်သူများ သိရှိလိုက်နာကြိုတင်ကာကွယ်နိုင်ရန် မော်တော်ယာဉ်ဖြင့် ပုန်းထွန်ရပ်ကွက်မှစ၍ လေဆိပ် အထိ လှည့်လည်၍ အသိပညာပေးဆောင်ရွက်လျက်ရှိပြီး ပုဂ္ဂလိကဆေးရုံတို့တွင်လည်း သံသယလူနာတွေ့ရှိပါက ချက်ချင်းအကြောင်းကြားပေးရန် စီစဉ်ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
ဝေယံလင်း

No comments:

Post a Comment