Tuesday, August 1, 2017

ဗင်နီဇွဲလား၌ရွေးကောက်ပွဲဆိုင်ရာ အဓိကရုဏ်းဖြစ်ပွားရာ ခုနစ်ဦးသေဆုံး

Image may contain: 3 people, people standing and outdoor

ကရာကက်စ် ဇူလိုင် ၃၁
ဗင်နီဇွဲလားနိုင်ငံတွင် နိုင်ငံရေးအဖွဲ့အစည်းသစ်များအတွက် အဖွဲ့ဝင်များရွေးချယ်ရန် ရွေးကောက်ပွဲတစ်ရပ်ကိုကျင်းပလျက်ရှိရာ ရွေးကောက်ပွဲအတွင်း ဆန္ဒပြဆူပူမှုများ ဖြစ်ပွားခဲ့မှုကြောင့် လူခုနစ်ဦးသေဆုံးခဲ့ကြောင်း သိရသည်။
ပြည်တွင်းအတိုက်အခံများနှင့် နိုင်ငံတကာ၏ဝေဖန်ရှုတ်ချမှုများရှိခဲ့သော်လည်း ရွေးကောက်ပွဲကို ကျင်းပခဲ့သည်။ ဗင်နီဇွဲလားသမ္မတနီကိုးလပ်စ်မဒူရိုသည် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ရာထူးနေရာ ၅၄၅ နေရာအတွက် မဲပေးရွေးချယ်မှုပြုလုပ်ရန် ဆုံးဖြတ်ချက်ချခဲ့သည်။ အဆိုပါအဖွဲ့ဝင်များသည် ဖွဲ့စည်းပုံအခြေခံဥပဒေကိုအသစ် ပြန်လည်ရေးဆွဲပြဋ္ဌာန်းနိုင်ရန် လုပ်ပိုင်ခွင့်အာဏာရှိသူများဖြစ်လာကြမည်ဖြစ်သည်။
ပြည်တွင်းနှင့် ပြည်ပရှိ နိုင်ငံရေးဝေဖန်သုံးသပ်သူများက ဖွဲ့စည်းပုံအသစ်သည်လက်ရှိဥပဒေပြုလွှတ်တော်ကို အနှောင့်အယှက်ပြုလာလိမ့်မည်ဟု ဝေဖန်သုံးသပ်ခဲ့ ကြသည်။
အတိုက်အခံအဖွဲ့အစည်းများသည် မဲပေးမှုကိုသပိတ်မှောက်ခဲ့ကြသည်။လူထုစုဝေး မှုများပြုလုပ်ကာ ဆန္ဒထုတ်ဖော်ရန်နှင့် မိန်းလမ်းများကိုပိတ်ဆို့ထားကြရန် ပြည်သူလူထု အားတောင်းဆိုခဲ့သည်။တက်ချီရာမြောက်ပိုင်းပြည်နယ်တွင် ဆန္ဒဖော်ထုတ်သူနှစ်ဦးတို့ သေနတ်ဖြင့်ပစ်သတ်ခံရပြီးသေဆုံးခဲ့သည်။
ဆန္ဒပြသူများသည် မဲပေးရာတွင်အသုံးပြုသည့်စက်ကိရိယာများကို ဖျက်ဆီးခဲ့ကြ ပြီးအချို့ မှာ မဲရုံများကိုထိခိုက်ပျက်စီးအောင် လုပ်ဆောင်ခဲ့ကြကြောင်း ဒေသမီဒီယာ ကဖော်ပြခဲ့သည်။ ဗင်နီဇွဲလားနိုင်ငံသည် ကုန်ဈေးနှုန်းခေါင်ခိုက်အောင်တက်မှုနှင့် နေ့စဉ်သုံးကုန်ပစ္စည်းများပြတ်တောက်မှုကိုရင်ဆိုင်နေရသည်။ ဗင်နီဇွဲလားသမ္မတ နီကိုးလပ်စ်မဒူရိုမှာလည်း ရာထူးမှနုတ်ထွက်ပေးရန် ဖိအားပေးမှုကိုခံနေရသည်။
(အင်န်အိတ်ခ်ျကေ)

No comments:

Post a Comment