Tuesday, August 1, 2017

ပညာပေးဆောင်ရွက်မှုများ မည်သို့လုပ်ဆောင်စေကာမူ ပြည်သူလိုက်နာမှုမရှိပါက အကျိုးသက်ရောက်မှုမရှိ

Image may contain: one or more people
ပုသိမ် ဇူလိုင် ၃၁
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ပြည်သူ့ကျန်းမာရေးဦးစီး ဌာနရုံးအစည်းအဝေးခန်းမ၌ A(H1N1တုပ်ကွေးရောဂါ လက်ရှိဖြစ်ပေါ်နေမှုအခြေအနေများနှင့် ကာကွယ် သင့်သည့်အသိပညာပေးရှင်းလင်းပွဲကို ဧရာဝတီတိုင်း ဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံး အစည်းအဝေး ခန်းမ၌ ဇူလိုင် ၃၁ရက် နံနက် ၉ နာရီက ကျင်းပသည်။
တိုင်းဒေသကြီးဝန်ကြီးချုပ်မန်းဂျော်နီက A(H1N1)ရောဂါဖြစ်ပွားမှုနှင့် ပတ်သက်၍အစိုးရအဖွဲ့နှင့်အတူ ဌာန ဆိုင်ရာများ၊ ကျန်းမာရေးဝန်ထမ်းများ၊NGOအဖွဲ့များ ပေါင်းစပ်၍ ပြည်သူအများသိရှိအောင်အသိပညာပေး ဟောပြောခြင်းများဆောင်ရွက်ကြရာတွင် သိရှိလိုက်နာမှု ရှိသော ပြည်သူအများရှိမှသာ လုပ်ဆောင်ရကျိုးနပ်ကြောင်း၊H1N1 ရောဂါသည် အသက်ရှူလမ်းကြောင်းမှကူးစက် သောရောဂါဖြစ်ပြီး ယခုအချိန်အထိ ဧရာဝတီတိုင်းဒေသကြီး အတွင်း ဖြစ်ပွားမှုဓာတ်ခွဲအတည်ပြုထားသည့်လူနာ ၁၃ ဦးရှိသည့်အနက် သေဆုံးသူ ခြောက်ဦးရှိပြီဖြစ်ကြောင်း၊ ပညာပေးဆောင်ရွက်ခြင်းများ မည်သို့ပင်လုပ်ဆောင်စေ ကာမူ ပြည်သူများအနေဖြင့် လိုက်နာမှုမရှိပါက အကျိုး သက်ရောက်မှု မရှိနိုင်ကြောင်း ရှင်းလင်းပြောကြားသည်။
တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန ပုသိမ်မြို့ အထွေထွေရောဂါကုဆေးရုံအုပ်ကြီး ဒေါက်တာထွန်းမြင့်က ရောဂါပိုးစတင်ဖြစ်ပေါ်မှုနှင့် ကာကွယ်သင့်သည့် နည်းလမ်း များ၊ ရောဂါဖြစ်ပွားမှုပြင်းထန်လာပါက လုပ်ဆောင်သင့် သည့်နည်းလမ်းများကိုရှင်းလင်းဆွေးနွေးခဲ့ပြီး မီဒီယာ အဖွဲ့များ၏ မေးမြန်းချက်များကိုရောဂါ ကာကွယ်ထိန်းချုပ် ရေးမှတာဝန်ရှိသူတစ်ဦးက ရှင်းလင်းဖြေကြားခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဝန်ကြီးများ၊ တိုင်း/ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာနှင့် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနအထွေထွေရောဂါကုဆေးရုံအုပ်ကြီးနှင့် ကျန်းမာ ရေးဝန်ထမ်းများ တက်ရောက်ကြသည်။
မြင့်ဟန်(ပြန်/ဆက်)

No comments:

Post a Comment