Thursday, August 31, 2017

တက်တူးထိုးခြင်းကကစားသမားများ၏ စွမ်းဆောင်ရည်ကို ကျဆင်းစေ

Image may contain: one or more people, people standing and outdoor
ကမ္ဘာကျော်ဘောလုံးစူပါစတားများအပါအဝင် ကစားသမားအတော်များများက ကိုယ်ခန္ဓာပေါ်တွင် တက်တူးရေးထိုးခြင်းကို နှစ်ခြိုက်စွာပြုလုပ်နေကြသော်လည်း တက်တူးမင်တွင် အဆိပ်ဓာတ်ပါဝင်သောကြောင့် ယင်းဓာတ်က ကစားသမား များ စွမ်းဆောင်ရည်ပိုင်းကို လျော့နည်းကျဆင်းစေကြောင်း ဂျာမန်ပါမောက္ခ ဒေါက်တာအင်ဂိုဖရိုဘိုစီ၏ ပြောကြားချက်အရ သိရသည်။
ဒေါက်တာဖရိုဘိုစီသည် ကိုလုံးဂျာမန်အားကစားတက္ကသိုလ်မှ ပါမောက္ခတစ်ဦးဖြစ်ပြီး ''ကျွန်တော်သာဆိုရင် ကစားသမားတွေ တက်တူးထိုးတာ ကို တားမြစ်ပါမယ်။ ကလပ်အသင်းအတော်များများက ဒီကိစ္စရပ်ကို အလေး မထားကြပေမယ့် ကျွန်တော်ကတော့ ဒီလိုအပြုအမူတွေကို တာဝန်တစ်ခု အနေနဲ့ တားဆီးစေချင်ပါတယ်။ လေ့လာမှုစစ်တမ်းတွေအရ ကစားသမားတွေ ဟာ တက်တူးထိုးပြီးရင် သူတို့ရဲ့စွမ်းဆောင်ရည် သုံးရာခိုင်နှုန်း(သို့မဟုတ်) ငါးရာခိုင်နှုန်း လျော့ကျသွားတာကို တွေ့ရပါတယ်''ဟု ရှင်းလင်းပြောကြား ခဲ့သည်။
ဒေါက်တာဖရိုဘိုဆီက အရေပြားဟာ ခန္ဓာကိုယ်၏ အကြီးမားဆုံး အစိတ် အပိုင်းဖြစ်ပြီး တက်တူးထိုးခြင်းက ကိုယ်ခန္ဓာအစိတ်အပိုင်းကို အဆိပ်သင့်စေ ခြင်းပင်ဖြစ်သည်ဟုလည်း မှတ်ချက်ပြုခဲ့သည်။ သို့သော် ကစားသမားအတော် များများက တက်တူးထိုးခြင်းကို ခုံမင်စွာပြုလုပ်နေကြပြီး ဒေးဗစ်ဘက်ခမ်းခေတ် မှစ၍ တက်တူးထိုးခြင်းမှာ ဘောလုံးလောကတွင်း ယဉ်ကျေးမှုတစ်ခုလို စိမ့်ဝင်ပျံ့နှံ့လာခဲ့သည်။
မေလဲ့သင်း

No comments:

Post a Comment