Thursday, August 31, 2017

မှုခင်းပညာပေးပြခန်းယာဉ်ဖြင့် အသိပညာပေးလုပ်ငန်းများဆောင်ရွက်

Image may contain: one or more people and outdoor
ရန်ကုန် သြဂုတ် ၃ဝ
မှုခင်းပညာပေးပြခန်းယာဉ်ဖြင့် မှုခင်းဆိုင်ရာ အသိပညာပေးလုပ်ငန်းများကို ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့၏ စီစဉ်မှုဖြင့် သြဂုတ် ၂၈ ရက်က မြောက်ဥက္ကလာပမြို့နယ် ရွှေပေါက်ကံမြို့သစ်(၁၄)ရပ်ကွက် ပုဂံလမ်းနှင့် အထက(၆)ကျောင်းလမ်း ကားမှတ်တိုင်ထိပ် လူစည်ကားရာနေရာ၌ ဆောင်ရွက်ခဲ့သည်။
ရွှေပေါက်ကံနယ်မြေစခန်းမှူး ရဲအုပ်အောင်မြင့်ဦးနှင့် လူကုန်ကူးမှုတားဆီး ကာကွယ်ရေးရဲတပ်ဖွဲ့မှ ရဲအုပ်သိန်းဌေးတို့က မှုခင်းပညာပေးပြခန်းယာဉ်သို့ လာရောက်လေ့လာကြသည့် ကျောင်းသား ကျောင်းသူများနှင့် ပြည်သူများအား မှုခင်းနှင့်သက်ဆိုင်သည့် အသိပညာဗဟုသုတများရရှိစေရန်အတွက် ရှင်းလင်း ပြောကြားပေးခဲ့သည်။
အဆိုပါ အသိပညာပေးလုပ်ငန်းများဆောင်ရွက်ရာနေရာသို့ မြောက်ဥက္ကလာ ပမြို့နယ် ရွှေပေါက်ကံမြို့သစ် အထက (၆)ကျောင်းမှ ကျောင်းအုပ်ဆရာကြီး နှင့်ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ၊ ရွှေပေါက်ကံမြို့သစ် အုပ်ချုပ်ရေးမှူးနှင့် ရပ်မိရပ်ဖများ၊ ဒေသခံပြည်သူများ စုစုပေါင်း ၃၅ဝ ခန့် လာရောက်လေ့လာခဲ့ကြောင်းသိရသည်။
(သီသီမင်း)

No comments:

Post a Comment