Wednesday, August 30, 2017

ဗန်းမော်မြို့၌ အမျိုးသမီးအိမ်တွင်းမှု စက်ချုပ်သင်တန်းဖွင့်

Image may contain: indoor
ဗန်းမော် သြဂုတ် ၂၉
နယ်စပ်ရေးရာဝန်ကြီးဌာန ပညာရေးနှင့်လေ့ကျင့်ရေး ဦးစီးဌာန ကချင်ပြည်နယ် ဗန်းမော်မြို့ အမျိုးသမီးအိမ်တွင်း မှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း၏ အခြေခံ အိမ်တွင်းမှုသင်တန်းအမှတ်စဉ် (၃၉/၂ဝ၁၇)နှင့် အဆင့် မြင့်စက်ချုပ်သင်တန်းအမှတ်စဉ် (၂၇/၂ဝ၁၇)သင်တန်း ဖွင့်ပွဲကို သြဂုတ် ၂၈ ရက် နံနက် ၈ နာရီက သင်တန်းကျောင်း ခန်းမ၌ ကျင်းပသည်။
ဖွင့်ပွဲအခမ်းအနားတွင် ဗန်းမော်ခရိုင်အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန ခရိုင်အုပ်ချုပ်ရေးမှူးဦးထွေးမြင့်က အမျိုး သမီးငယ်လေးများ အခြားနိုင်ငံသို့ သွားရောက်အလုပ်လုပ် ကိုင်မည့်အစား မိမိတို့တတ်မြောက်ထားသည့် အိမ်တွင်းမှု ပညာရပ်များကို ကိုယ့်ဒေသမှာ ကိုယ့်မိသားစုနှင့်အတူ အသက်မွေးဝမ်းကျောင်းပညာရပ်များ လုပ်ကိုင်ဆောင်ရွက် ကြစေလိုပါကြောင်း ပြောကြားသည်။
ယင်းနောက် အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်သိမ့် သိမ့်စိုးက သင်တန်းတွင်ပို့ချမည့် ဘာသာရပ်များအား ရှင်း လင်းပြောကြားပြီး အခမ်းအနားသို့ တက်ရောက်လာသော ဗန်းမော်ခရိုင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူ များ၊ လူမှုရေးအသင်းအဖွဲ့များ၊ မြို့မိမြို့ဖများက ခင်း ကျင်းပြသထားသည့် သင်ထောက်ကူပစ္စည်းများအား ကြည့်ရှုအားပေးကြသည်။
အဆိုပါသင်တန်းသို့ အခြေခံအိမ်တွင်းမှုသင်တန်းသူ ၃၈ ဦးနှင့် အဆင့်မြင့်စက်ချုပ်သင်တန်းသူ ၁ဝ ဦး တက်ရောက်ကြပြီး သင်တန်းကာလမှာ သြဂုတ် ၂၈ ရက်မှ ဒီဇင်ဘာ ၁ ရက်အထိ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ် ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)

No comments:

Post a Comment