Wednesday, August 30, 2017

ယဉ်ကျေးမောင်၊ ကာယဗလ၊ ကာယကြံ့ခိုင်မှုနှင့် အနုပညာစွမ်းရည်ပြိုင်ပွဲကျင်းပ

Image may contain: 1 person
ထားဝယ် သြဂုတ် ၂၉
၂ဝ၁၆-၂ဝ၁၇ ပညာသင်နှစ် ယဉ်ကျေးမောင်၊
ကာယဗလမောင်၊ ကာယအလှမယ်၊ ကာယကြံ့ ခိုင်မှုနှင့် အနုပညာစွမ်းရည်ပြိုင်ပွဲကို တနင်္သာရီ
တိုင်းဒေသကြီး ထားဝယ်မြို့ ထားဝယ်တက္ကသိုလ်
ဘွဲ့နှင်းသဘင်ခန်းမ၌ သြဂုတ် ၂၆ ရက်နှင့် ၂၇ ရက်
တို့တွင် မွန်းတည့် ၁၂ နာရီမှ စတင်ကျင်းပရာ
ရှေးဦးစွာ ကျောင်းသား၊ ကျောင်းသူလေးများက တက်ရောက်လာသော ဧည့်သည်တော်များအား အနုပညာစွမ်းရည်ဖြင့် ခေတ်ပေါ်တေး၊ ကာလ
ပေါ်တေးသီချင်းများကို ဧည့်ခံဖျော်ဖြေသီဆိုပြီး ဖျော်ဖြေရေးကဏ္ဍများဖြင့် ဧည့်ခံကြသည်။
ပထမနေ့တွင်၂ဝ၁၆-၂ဝ၁၇ ပညာသင်နှစ် ကိုယ်စားပြု ဘာသာရပ်ကျောင်းသား ၁၄ ဦးက
မြန်မာ့ရိုးရာဝတ်စုံများဖြင့် ယဉ်ကျေးမောင် ဝင်
ရောက်ယှဉ်ပြိုင်ကြသည်။
ထို့နောက် ဆုချီးမြှင့်ခြင်း ဆက်လက်ကျင်းပရာ ပါမောက္ခမှူးနှင့် ဆရာ၊ ဆရာမများက အနု
ပညာစွမ်းရည်ဖြင့် သီဆိုဖျော်ဖြေသော ကျောင်း
သား၊ ကျောင်းသူများအား ဆုချီးမြှင့်ပြီး ကိုယ်စား
ပြု ဘာသာရပ်များမှ ယဉ်ကျေးမောင်တွင် ပထမ
ဆုရရှိသော ရူပဗေဒဘာသာရပ်မှ မောင်နေလင်း
အောင်၊ ဒုတိယဆုရရှိသော ဓာတုဗေဒဘာသာ ရပ်မှ မောင်အောင်ဘိုမျိုး၊ တတိယဆုရရှိသော ရုက္ခဗေဒဘာသာရပ်မှ မောင်ဟိန်းထက်အောင်၊ ကာယအလှမယ်တွင် ပထမဆုရရှိသော ဓာတု
ဗေဒဘာသာရပ်မှ မထားထားပြုံး၊ ဒုတိယဆု
ရရှိသော အင်္ဂလိပ်စာဘာသာရပ်မှ မယွန်းပြည့်
အောင်၊ တတိယဆုရရှိသော ပထဝီဘာသာရပ်မှ မသဉ္ဇာအောင်တို့အား ဆုများအသီးသီးပေးအပ် ချီးမြှင့်ခဲ့သည်။
၎င်းနောက် ကာယဗလမောင်နှင့် ကာယ ကြံ့ခိုင်မှုပြိုင်ပွဲကို သြဂုတ် ၂၇ ရက် မွန်းတည့်
၁၂ နာရီက ဆက်လက်ကျင်းပရာ ကိုယ်စားပြု
ဘာသာရပ်များမှ ကျောင်းသား၊ ကျောင်းသူလေး များက အနုပညာစွမ်းရည်ဖြင့် ပါဝင်ယှဉ်ပြိုင်ကြ
ပြီး ကာယဗလမောင်ကိုယ်စားပြု ဘာသာရပ်များ
မှ ကျောင်းသား ၁၂ ဦးက ပါဝင်ယှဉ်ပြိုင်ကြကာ ကာယကြံ့ခိုင်မှုတွင် ကိုယ်စားပြုဘာသာရပ်များမှ ကျောင်းသူ ၁၄ ဦး ပါဝင်ယှဉ်ပြိုင်ကြသည်။
ထို့နောက်တာဝန်ရှိသူများက ကာယဗလ
မောင်တွင် ပထမဆုရရှိသော ဓာတုဗေဒ ဘာသာ
ရပ်မှ မောင်နီနီခိုင်ထွန်း၊ ဒုတိယဆုရရှိသော သင်္ချာဘာသာရပ်မှ မောင်ရာဇာဝင်းဟန်၊ တတိယဆုရရှိသော ရုက္ခဗေဒဘာသာရပ်မှ မောင်ချစ်ဦး၊ ကာယအလှမယ်တွင် ပထမဆု ရရှိသော ဓာတုဗေဒဘာသာရပ် မှ မဇင်ယမင်း၊
ဒုတိယဆုရရှိသော ဥပဒေပညာဘာသာရပ်မှ မသုနန္ဒာအောင်၊ တတိယဆုရရှိသော မြန်မာစာ
ဘာသာရပ်မှ မနှင်းနုဖြူဝင်းတို့အား ဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)

No comments:

Post a Comment