Wednesday, August 2, 2017

ဘားအံနှင့် ကသာမြို့နယ်တွင်စိတ်ကြွရူးသွပ်ဆေးပြားများ သိမ်းဆည်းရမိ

Image may contain: one or more people
နေပြည်တော် သြဂုတ် ၁
ဘားအံခရိုင်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇူလိုင် ၃၁ ရက်က ဘားအံမြို့နယ် ကော့သံခါကျေးရွာအုပ်စု ကော့သံခါကျေးရွာနေ မချိုချိုမာ၏ နေအိမ်ကိုရှာဖွေရာ နေအိမ်မှ စိတ်ကြွရူးသွပ်ဆေးပြား ၁၆ဝဝ နှင့် လက်ကိုင်ဖုန်းတစ်လုံးတို့ကို လည်းကောင်း။
အလားတူ ယင်းနေ့က မူးယစ်တပ်ဖွဲ့စု(၆) ကသာမှ တပ်ဖွဲ့ဝင်များ ပါဝင် သော ပူးပေါင်းအဖွဲ့သည် ကသာမြို့နယ် လမ်းခွကျေးရွာ မီးရထားသံလမ်းကူး အနီးတွင် ခင်မောင်စိုး မောင်းနှင်လာသည့် ဆိုင်ကယ်ကိုရှာဖွေရာ စိတ်ကြွရူးသွပ် ဆေးပြား ၄ဝဝဝ နှင့် လက်ကိုင်ဖုန်း နှစ်လုံးတို့ကိုလည်းကောင်း သိမ်းဆည်း ရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါး များဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။
(သတင်းစဉ်)

No comments:

Post a Comment