Wednesday, August 2, 2017

မုံရွာငုံးမွေးမြူရေးဇုန်တွင် အစာကြိတ်စက်အပူလွန်ကဲရာမှ မီးလောင်

Image may contain: 3 people, outdoor
မုံရွာ သြဂုတ် ၁
ငုံးအစာကြိတ်မော်တာ အပူလွန်ကဲ ရာမှ အစာကြိတ်စက်ရုံ၊ ငုံးဖောက် စက်နှင့် ငုံးခြံတစ်ခြမ်းမီးလောင်ကာ ငုံးအကောင် ၅ဝဝဝ သေဆုံးမှု သြဂုတ် ၁ ရက် ညနေ ၄ နာရီခွဲခန့်က မုံရွာမြို့ ငုံးမွေးမြူရေးဇုန်၌ ဖြစ်ပွား ခဲ့သည်။
မုံရွာမြို့ ရွှေပြည်အေးရပ်ကွက် နယ်မြေ (၁၃) ငုံးမွေးမြူရေးဇုန် တော်ဝင်လမ်းရှိ ကိုစည်သူကျော် ပိုင်သော ခြံအမှတ်(၄၇) ငုံးမွေးမြူရေး ခြံတွင် မီးလောင်ခြင်းဖြစ်ရာ စစ်ကိုင်းတိုင်းဒေသကြီး မီးသတ် တပ်ဖွဲ့ဦးစီးမှူး ဦးမင်းစမ်းအေး၊ မုံရွာ ခရိုင်မီးသတ်ဦးစီးမှူးတို့ ဦးဆောင် သော မီးသတ်တပ်ဖွဲ့သည် မီးသတ် ရေသယ်ယာဉ် ၁ဝ စီးဖြင့် ငြှိမ်းသတ်ခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။
မီးငြှိမ်းသတ်ရာတွင် စစ်ကိုင်းတိုင်း ဒေသကြီး မုံရွာမြို့နယ်မှ မီးသတ် ယာဉ်ခုနစ်စီး၊ အလုံမှ မီးသတ်ယာဉ် သုံးစီးတို့နှင့်အတူ မီးသတ်တပ်ဖွဲ့ဝင် များ၊ ရဲတပ်ဖွဲ့ဝင်များ၊ တပ်မတော်သား များ၊ ဇုန်အတွင်း နေထိုင်ကြသူများ ဝိုင်းဝန်းငြှိမ်းသတ်ရာ ညနေ ၅ နာရီ မိနစ် ၄ဝ ခန့်တွင် မီးလုံးဝငြိမ်းသွား ကြောင်း သိရသည်။
မုံရွာငုံးမွေးမြူရေးဇုန်တွင် မွေးမြူ ရေးလုပ်ငန်းရှင် ၃၄ ဦးက ငုံးခြံ ၃၉ ခြံ၌ လက်ရှိ ငုံးကောင်ရေ ၃၅၈ဝဝဝ မွေးမြူထားကြောင်း မုံရွာခရိုင်မွေးမြူရေးနှင့် ကုသရေး ဦးစီးမှူး ဒေါက်တာမျိုးချစ်ထံမှ သိရ သည်။
မျိုးဝင်းထွန်း(မုံရွာ)

No comments:

Post a Comment