Wednesday, August 2, 2017

ငွေကြေးအဓိကလားလို့ မေးခွန်းထုတ်ခံနေရတဲ့ နေမာရဲ့ မပြီးဆုံးသေးတဲ့ အပြောင်းအရွှေ့

Image may contain: 4 people, people standing and suit
တိုက်စစ်မှူးနေမာဟာ ဘာစီလိုနာက နေ ပီအက်စ်ဂျီကို ပြောင်းရွှေ့မယ်ဆို တာနဲ့ ပတ်သက်ပြီး နောက်ဆက်တွဲ သတင်းတွေ တောက်လျှောက်ထွက် နေသလို နေမာလှမ်းသမျှ ခြေလှမ်း တိုင်းကို မီဒီယာတွေကလိုက်ပြီး ဂရု စိုက်နေတာကြောင့် နေ့ရက်တိုင်း သတင်းဖြစ်နေပါတယ်။ နေမာဟာ ဘာစီလိုနာမှာ မက်ဆီရဲ့ လွှမ်းမိုးမှု အရိပ်ကျရောက်နေတဲ့ အနေအထား အပေါ် စိတ်ပျက်နေတာကြောင့် အသင်းပြောင်းရွှေ့ရေးကို ပြီးခဲ့တဲ့ ရာသီမကုန်ခင်ကတည်းက စဉ်းစားခဲ့ တာဖြစ်တယ်လို့ ခန့်မှန်းခြေနဲ့ ပြောနေကြပေမယ့် တကယ်တမ်းမှာ တော့ ဒီအပြောင်းအရွှေ့ဟာ ငွေ ကြေးအပေါ် အခြေခံတဲ့ ရွှေ့ပြောင်းမှု သာဖြစ်တယ်လို့ အဖြေထုတ်နေ ကြပါတယ်။
အထူးသဖြင့် နေမာအသင်းပြောင်း ရင် အေးဂျင့်အဖြစ် ဆောင်ရွက်ပေး တဲ့ သူ့ဖခင် နေမာစီနီယာဟာ ခံစား ခွင့် အကျိုးအမြတ် ပေါင် ၂၃သန်း၊ ဘာစီလိုနာမှာ နေမာရရှိနေတဲ့ လက်ရှိ လုပ်ခလစာထက် နောက် တစ်စလောက် ထပ်ရမှာဖြစ်လို့ ဒါဟာ သူတို့မိသားစု ဘဏ်အကောင့် ထဲ စီးဝင်မယ့် ငွေတွေကိုမြင်ပြီး သား ဖြစ်သူကို ဘာစီလိုနာကနေ ပြောင်း ရွှေ့ဖို့ တွန်းအားပေးနေတဲ့ အဓိက အကြောင်းချင်းရာ တစ်ရပ်ဖြစ်တယ် လို့ သိရပါတယ်။ နေမာနဲ့ ဘာစီလိုနာ တို့ နောက်ဆုံးချုပ်ဆိုခဲ့တဲ့ စာချုပ်မှာ နေမာစီနီယာအနေနဲ့ အခုလို အကျိုး အမြတ်ငွေပမာဏများစွာရရှိရေး ထည့်သွင်းချုပ်ဆိုခဲ့တာကြောင့် ပေါ့ဘာကို မန်ယူပြောင်းရွှေ့ကြေး ကြိုးပမ်းခဲ့တဲ့ ရွိုင်လိုလာရဲ့ လုပ်ရပ်နဲ့ ထပ်တူကျတယ်ဆိုတဲ့ သုံးသပ်မှုတွေ လည်းရှိနေပါတယ်။ တိုက်စစ်မှူး နေမာဟာ ဘာစီလိုနာနဲ့ ရီးယဲလ် မက်ဒရစ်အသင်းတို့ မိုင်ယာမီမှာ ကစားခဲ့တဲ့ပွဲအပြီး ရီးယဲလ်ရဲ့ အဝတ် လဲခန်းကို သွားရောက်ခဲ့ပြီး အပြန်မှာ ဘရာဇီးအသင်းဖော် ကက်စီမီရိုနဲ့ ရာမို့စ်တို့ရဲ့ ဂျာစီတွေကို ကိုင်ပြီး ပြန် ထွက်လာတာကြောင့် ဒါဟာ ဘာစီ လိုနာ ကစားသမားဘဝကို နှုတ်ဆက် ခဲ့သလားဆိုတဲ့ နောက်ဆက်တွဲ ကောက်ချက်ဆွဲမှုတွေလည်း ထွက်လာစေခဲ့ပါတယ်။
မေလဲ့သင်း

No comments:

Post a Comment