Wednesday, August 2, 2017

မက်ဆီလည်း မန်စီးတီးကို ပြောင်းဖို့ စိတ်ဝင်စား

Image may contain: 3 people, people smiling, people standing
ဘာစီလိုနာရဲ့ စူပါစတား မက်ဆီဟာ မန်စီးတီးကို ပြောင်းရွှေ့နိုင်ဖို့ ဆရာ ဟောင်း ဂွါဒီယိုလာကို တွေ့ဆုံဖို့ ချိန်းဆိုခဲ့သလို ဂွါဒီယိုလာကလည်း ချက်ချင်း ဆိုသလို ထသွားခဲ့ကြောင်း သိရပါတယ်။ TV3က ထုတ်လွှင့်ခဲ့တဲ့ မှတ်တမ်း ရုပ်ရှင် (Documentry) မှာ မက်ဆီနဲ့ ဂွါဒီယိုလာတို့ စပိန်မှာ လျှို့ဝှက်တွေ့ဆုံ ခဲ့ကြတယ်ဆိုတဲ့အထောက်အထားတွေ့ခဲ့ရတာပါ။
မက်ဆီက ဘာစီလိုနာဟာ သူ့အတွက်''ထောင်ချောက်''ကြီးလိုဖြစ်နေပြီး ခံစားမှုတွေ တင်းကျပ်လွန်းတာကြောင့် မန်စီးတီးကို လာချင်တယ်လို့ ပြောကြား ခဲ့တာကို အဲဒီရုပ်ရှင်မှာ မြင်တွေ့ခဲ့ရတာပါ။ မက်ဆီရဲ့ ဖခင်ဂျော့ဂ်ျကလည်း မန်စီးတီး အမှုဆောင်ချုပ် ဖာရန်ဆော်ရီယာနိုနဲ့ တွေ့ဆုံစဉ်မှာ သူ့သားအနေနဲ့ ဘာစီလိုနာကနေ ထွက်ခွာဖို့ ဆန္ဒရှိနေတယ်လို့ ဆိုခဲ့သေးသလို ဇူလိုင်၆ရက်က မက်ဆီရဲ့ဖခင်နဲ့ မန်စီးတီး တာဝန်ရှိသူတို့ ဖုန်းနဲ့ဆွေးနွေးပြီးနောက် လေးရက် အကြာမှာ မက်ဆီနဲ့ ဂွါဒီယိုလာတို့ လျှို့ဝှက်တွေ့ဆုံမှု ဖြစ်လာရတာပါ။
ဂွါဒီယိုလာဟာ မိသားစု ပွဲတစ်ခုအတွက် စပိန်မြေကို ရောက်ရှိနေစဉ်ကာလ မှာပဲ မက်ဆီကတွေ့ဖို့ ချိန်းဆိုခဲ့တာကြောင့် ကောက်ခါငင်ခါထသွားခဲ့ပြီး မက်ဆီနဲ့ မျက်နှာချင်းဆိုင် တွေ့ဆုံခွင့်ရဖို့ ၂၈မိုင်ခရီးကို နှင်ခဲ့တာပါ။ မက်ဆီက သူ့အနေနဲ့ အခွန်ရှောင်လွှဲတဲ့ ကိစ္စတွေ ဖြစ်ပေါ်လာပြီးနောက်ပိုင်း ဘာစီလိုနာ မှာ နေထိုင်ရတာ မွန်းကျပ်လာတာကြောင့် ဂွါဒီယိုလာကို တွေ့ခွင့်တောင်းပြီး အပြောင်းအရွှေ့ဆွေးနွေးခဲ့တယ်လို့ ဒီမှတ်တမ်းရုပ်ရှင်က ဖော်ပြခဲ့တယ်။
မက်ဆီနဲ့ ဂွါဒီယိုလာတို့ တွေ့ဆုံမှုဟာ ဘာစီလိုနာတာဝန်ရှိသူတွေကို အချက်ပေး တပ်လှန့်နိုင်ခဲ့ခြင်းကြောင့် ဘာစီလိုနာ ဥက္ကဋ္ဌ ဘာတိုမူက မက်ဆီရဲ့ ဖခင်နဲ့ ဆွေးနွေးပြီး ဘာကာအနေနဲ့ မက်ဆီကို ဘယ်လိုနည်းနဲ့မျှ ဆုံးရှုံးခံမှာ မဟုတ်ကြောင်း ပြတ်ပြတ်သားသား သူ့ဘဘောထားကို ပြောကြားခဲ့ပါတယ်။ အဲဒီနောက် ဥက္ကဋ္ဌ ဘာတိုမူဟာ မက်ဆီနဲ့ ဆက်လက်တွေ့ဆုံပြီး ဘာကာမှာ ဆက်နေရေးကို အောင်အောင်မြင်မြင် နားချနိုင်ခဲ့ပါတယ်။ မက်ဆီဟာ ယခုနှစ် နွေရာသီမှာတော့ ဘာစီလိုနာနဲ့ ၂ဝ၂၁ခုနှစ်အထိ သက်တမ်းရှိ စာချုပ်တစ်ရပ်ကို ချုပ်ဆိုပြီး အခွန်ရှောင်မှုကြောင့် ထောင်ဒဏ်ကကင်းလွတ်ခွင့်ရဖို့ ပေါင် ၂၁ဝဝဝဝဝ ကိုလည်း ပေးချေမယ်လို့ သဘောတူခဲ့ပြီးနောက် မက်ဆီ ဘာစီ လိုနာမှာ ဆက်နေဖြစ်တာဖြစ်တယ်လို့ သိရပါတယ်။
မေလဲ့သင်း

No comments:

Post a Comment