Wednesday, August 30, 2017

နာမည်ကြီး ထမင်းငတ်တွေ အများကြီးပါဆိုတဲ့ ကွန်တီ

Image may contain: 1 person, smiling, standing and suit
ချယ်လ်ဆီးနည်းပြ ကွန်တီက ချယ်လ်ဆီးအသင်းရဲ့ရလဒ်တွေ သိပ်အကောင်းကြီး မဟုတ်သေးသလို ဗိုလ်စွဲဖို့ ရေပန်းစားမှု အဆင့်မှာလည်း အခြားပရီမီယာလိဂ်အသင်းတွေဖြစ်တဲ့ မန်စီးတီး၊ မန်ယူတို့အောက် လျော့ ကျနေပေမယ့် ဒီအပေါ် စိုးရိမ်မှုမရှိဘူးလို့ သူ့ရဲ့ အယူအဆကို ဥပမာနဲ့တကွ ရှင်းလင်းချက်ပေးလိုက်ပါတယ်။ ကွန်တီက ပြီးခဲ့တဲ့ရာသီကလည်း ချယ်လ်ဆီးအသင်း ဗိုလ်စွဲဖို့ ရေပန်းစားခြင်းမရှိပေမယ့် အမှတ်ပြတ်နဲ့ ချန်ပီယံဆု ရယူနိုင်ခဲ့တာကို ထောက်ပြပြီး ဗိုလ်စွဲဖို့ ရေပန်းစားမှုအဆင့်အတိုင်း ချန်ပီယံဖြစ်ကြတာ မဟုတ်ဘူးလို့ တုံ့ပြန်လိုက်ပါတယ်။ မှန်ပါတယ်။ ပြီးခဲ့တဲ့ ဘောလုံးရာသီကလည်း မန်စီးတီးအသင်းဟာ ဗိုလ်စွဲဖို့ ထိပ်ဆုံးက ရေပန်းစားခဲ့ပေမယ့် ရာသီသိမ်းခါနီး နောက်ဆုံးအချိန်ထိ ထိပ်ဆုံးလေးသင်းစာရင်းဝင်ဖို့ ခက်ခက်ခဲခဲ ရုန်းကန်ခဲ့ ရတာကြောင့် ကွန်တီက အခုလို ပြောလိုက်တာဖြစ်ပါတယ်။
ကွန်တီက မနှစ်က ချန်ပီယံဖြစ်ထားတဲ့ လူစာရင်းကို အပြောင်းအလဲ လုပ်ထားတာကြောင့် ရလဒ်ပိုင်း သိပ်အကောင်းကြီးမဟုတ်သေးပေ မယ့် စပါးလို ပရီမီယာလိဂ်အသင်းကြီး တစ်သင်းကို အဝေးကွင်းမှာ အနိုင်ကစားခဲ့တာ၊ အဲဗာတန်ကိုလည်း နှစ်ဂိုးပြတ်အနိုင်ဆက်လက် ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပြန်တာကြောင့် ချယ်လ်ဆီးဟာ ပရီမီယာ လိဂ်ဖလားကို စိန်ခေါ်နိုင်ဆဲ အသင်းဖြစ်တယ်ဆိုတာကို သက်သေပြ လို့ နေပါတယ်။
ဒါပေမယ့် ပြီးခဲ့တဲ့ နှစ်ရာသီဆက် လက်ရှိချန်ပီယံအသင်း တွေ ရလဒ်ဆိုးပြီး နည်းပြတွေ ထုတ်ပယ်ခံရမှုတွေ ကြုံတွေ့ခဲ့တာကလည်း ချယ်လ်ဆီးအသင်း ချန်ပီယံ ဗိုလ်စွဲမှုအဆင့်ကို ပိုမိုကျဆင်းစေတယ်လို့ ယူဆရပါ တယ်။ နည်းပြ ကွန်တီဟာ ဂျူဗင်တပ်ကို ကိုင်တွယ်စဉ်က သုံးနှစ်ဆက်တိုက် စီးရီး အေ ချန်ပီယံဖြစ်အောင် စွမ်းဆောင်ပေး နိုင်ခဲ့တဲ့ သူ့ရဲ့အတွေ့အကြုံက ချယ်လ်ဆီး အသင်းရလဒ်ပိုင်း တိမ်းစောင်းခြင်းမရှိအောင် ကူညီပေးနိုင်မယ်လို့ ယုံကြည်ကြောင်းလည်း ထပ်လောင်းပြောကြားလိုက်ပြန်ပါတယ်။
မေလဲ့သင်း

No comments:

Post a Comment