Wednesday, August 30, 2017

ပိုချက်တီနိုရဲ့ စိန်ခေါ်ခံ ဒါဗင်ဆန် ဆန်းချက်ဇ်

Image may contain: 1 person, standing and outdoor
စပါးအသင်းက ကလပ်အသင်းစံချိန်တင်ကြေးနဲ့ ခေါ်ယူခဲ့တဲ့ ဒါဗင်ဆန် ဆန်းချက်ဇ်ဟာ စပါးအသင်းနဲ့အတူ လေ့ကျင့်ရေးစဆင်းတဲ့နေ့မှာပဲ နည်းပြပိုချက်တီနိုရဲ့ စိန်ခေါ်မှု ခံခဲ့ရပါတယ်။ ပိုချက်တီနိုဟာ ကစားသမားတစ်ဦးကို လေ့ကျင့်ပျိုးထောင်ရာမှာ နာမည်ကျော်တဲ့သူဖြစ်ပြီး ကစားသမားတစ်ဦး အနိုင်ရလိုစိတ် ပိုမိုပြင်းထန်လာစေဖို့အတွက် စိန်ခေါ်မှုတွေ ပြုလေ့ရှိသူဖြစ်ပါတယ်။
ပိုချက်တီနိုက'' ကျွန်တော် သူ့( ဒါဗင်ဆန်) ကို စိန်ခေါ်ခဲ့ပါတယ်။ မနေ့က ကျွန်တော်တို့ဂိုးဧရိယာထဲမှာ ကစား ကြတဲ့အခါ သူကအတွင်းဘက်မှာ ဘောလုံးက လေပေါ်မှာ၊ ပြီးတော့ ကျွန်တော်ရှိနေတာပေါ့။ သူက လဲကျသွား တယ်။ ဘောလုံးက ကျွန်တော်နဲ့အတူတူရှိနေတယ်ပေါ့'' လို့ မနေ့က လေ့ကျင့်မှုနဲ့ ပတ်သက်ပြီး ပြန်ပြောင်းပြော ကြားခဲ့တာဖြစ်ပါတယ်။ ဒီကစားသမားလေးကို ပိုချက်တီနိုက ကလပ်အသင်းစံချိန်တင်ကြေး ပေါင် ၃၅သန်း ဝန်းကျင်နဲ့ ခေါ်ယူခဲ့တာဖြစ်ပါတယ်။ ပိုချက်တီနိုဟာ လူငယ်ကစားသမားလေးတွေအပေါ် ဖခင်လို ဆက်ဆံတတ်သူ ဖြစ်တယ်လို့ ဝါယာမာနဲ့ အယ်လီတို့ရဲ့ ပြောစကားအရ ပရိသတ်တွေ သိပြီးဖြစ်ပါတယ်။ ဒါကြောင့် ရောက် ရောက်ချင်း ပိုချက်တီနိုရဲ့ စိန်ခေါ်မှု ရရှိခဲ့တဲ့ ဆန်းချက်ဇ်လည်း ပရီမီယာလိဂ်ရဲ့ အတောက်ပဆုံးကြယ်တစ်ပွင့်ဖြစ်လာ မလား စိတ်ဝင်စားဖို့ကောင်းပါတယ်။
မေလဲ့သင်း

No comments:

Post a Comment