Wednesday, August 2, 2017

မန်ယူအသင်းနဲ့ ပတ်သက်တဲ့ ဆံချည်တစ်မျှင်တောင် ထိလိုရမှာ မဟုတ်ဘူးလို့ သတိပေးခံလိုက်ရ တဲ့ ကွန်တီ

Image may contain: 1 person, playing a sport and outdoor
မန်ယူကွင်းလယ်လူ ဖယ်လိုင်နီကို ခေါ်ယူချင်နေတဲ့ ချယ်လ်ဆီးနည်းပြ ကွန်တီရဲ့ ဆန္ဒတွေကို စောစော စီးစီး ရပ်တန့်ပစ်လိုက်ခြင်းက အကောင်းဆုံးဖြစ်ပြီး မန်ယူနဲ့ ပတ်သက်တဲ့ ဆံချည်တစ်မျှင်ကိုတောင် ချယ်လ်ဆီးက ထိပါးလို့ ရမှာမဟုတ်ဘူးလို့ မန်ယူ နည်းပြ မော်ရင်ဟိုက ပြတ်ပြတ်သားသား သတိပေး စကားဆိုလိုက်ပါတယ်။ မန်ယူက ချယ်လ်ဆီး ကွင်းလယ်လူ မာတစ်ကို ခေါ်ယူဖို့ ကြိုးပမ်းနေချိန်မှာ ချယ်လ်ဆီးဘက်ကလည်း ဖယ်လိုင်နီကို ခေါ်ယူဖို့ စိတ်ဝင်စားတယ်လို့ သတင်းတွေ ထွက်လာတဲ့ အချိန် မော်ရင်ဟိုက အထက်ပါအတိုင်း တုံ့ပြန် လိုက်တာဖြစ်ပါတယ်။ ချယ်လ်ဆီးနည်းပြအဖြစ်က နေ ထုတ်ပယ်ခံခဲ့ရတာကြောင့် မော်ရင်ဟိုက ချယ်လ်ဆီးအသင်းဆီ ကစားသမားရောင်းချမှုကို ဖြစ်နိုင်သမျှနည်းနဲ့ တားဆီးလိုပြီး လုခ်ရှောတုန်းက လည်း ချယ်လ်ဆီးကိုဆိုရင်ခွင့်မပြုဘူးလို့ အပြတ် သတိပေးထားခဲ့ပြီး ဖြစ်ပါတယ်။
မော်ရင်ဟိုက ချယ်လ်ဆီးကွင်းလယ်လူ မာတစ် ကို ပေါင်သန်း ၄ဝ နဲ့ ရအောင်ခေါ်ခဲ့ပေမယ့် ဘယ် မန်ယူကစားသမားကိုမျှ ချယ်လ်ဆီးကို ပြန်လည် ရောင်းချဖို့ စိတ်ကူးမရှိဘဲ သူ့ဆန္ဒကိုလည်း ပွင့်ပွင့်လင်းလင်းပဲ ချပြခဲ့ပါတယ်။ မော်ရင်ဟိုက သူနဲ့ အဆင်မပြေဖြစ်ခဲ့တဲ့ ရီးယဲလ်မက်ဒရစ် အသင်းကိုဆိုလည်း သူကိုင်တွယ်တဲ့ အသင်းက ကစားသမားတွေဆို ခေါ်ယူဖို့ ကြိုးပမ်းလာချိန်မှာ မရရအောင် တားဆီးခဲ့သူဖြစ်ပါတယ်။ အထင်ရှား ဆုံး ဥပမာအနေနဲ့ ပြရရင် ချယ်လ်ဆီးတုန်းက ဟာဇက်၊ မန်ယူရဲ့ ဒီဂီယာတို့ကို ရီးယဲလ်ရောက်ရှိ မသွားအောင် တားဆီးနိုင်တာကို တွေ့ရပါတယ်။ ဒီနှစ်နွေဈေးကွက်မှာ ရီးယဲလ်က ဒီဂီယာကို ကမ်း လှမ်းလာချိန်မှာ မော်ရင်ဟိုက '' ဒီနှစ် သူ(ဒီဂီယာ) ဘယ်ကိုမျှ ပြောင်းမှာမဟုတ်ဘူး ဆိုတာကို ကျွန်တော်ကတိပြုနိုင်ပါတယ်'' လို့ တုံ့ပြန်ခဲ့သေးတာ ပါ။ မန်ယူဟာ ချယ်လ်ဆီးရဲ့ အဓိကပစ်မှတ်ဖြစ်တဲ့ လူကာကူကို ကြားဖြတ်ခေါ်ယူနိုင်ခဲ့ပြီးနောက်မှာ ချယ်လ်ဆီးကလည်း မန်ယူတောက်လျှောက် ကြိုးပမ်းခဲ့တဲ့ မိုရာတာကို ရအောင်ခေါ်ပြခြင်းဖြင့် အပြန်အလှန်အကြောပေးမခံခဲ့တဲ့ ဖြစ်စဉ်မျိုး ဒီနှစ် နွေမှာ လုပ်ဆောင်ပြခဲ့တာကို တွေ့ရပါတယ်။ ကွန်တီက မော်ရင်ဟိုရဲ့ ချယ်လ်ဆီးရာသီမျိုး မဖြစ် အောင် ရှောင်ကြဉ်ရမှာဖြစ်ကြောင်း လူသိရှင်ကြား ပြောကြားခဲ့ပြီးနောက်မှာ မော်ရင်ဟိုကလည်း ကွန်တီအနေနဲ့ မန်ယူရဲ့ ဆံချည်တစ်မျှင်ကိုတောင် ထိပါးဖို့ မစဉ်းစားနဲ့လို့ အပြတ်သတိပေးခဲ့တာဖြစ် ပါတယ်။
မေလဲ့သင်း

No comments:

Post a Comment