Wednesday, August 2, 2017

ရခိုင်ပြည်နယ်အစိုးရအဖွဲ့ သတင်းစာရှင်းလင်းပွဲကျင်းပပြည်နယ်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ ဖြိုးတိုးတက်ရေးကို အဓိကထား

Image may contain: one or more people
စစ်တွေ သြဂုတ် ၁
ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ပထမ တစ်နှစ်တာကာလအတွင်း လုပ်ငန်း ဆောင်ရွက်ခဲ့မှုများနှင့် ပတ်သက်၍ ပြည်သူ့အတွက် ပထမတစ်နှစ်တာ သတင်းစာရှင်းလင်းပွဲ အခမ်းအနား ကို ဇူလိုင် ၃၁ ရက် မွန်းလွဲ ၁ နာရီက ပြည်နယ်အစိုးရရုံး အစည်းအဝေး ခန်းမ (၁) ၌ ကျင်းပခဲ့သည်။
သတင်းစာရှင်းလင်းပွဲတွင် ရခိုင် ပြည်နယ်ဝန်ကြီးချုပ်ဦးညီပုက ရခိုင် ပြည်နယ်အရေးသည် ပြည်နယ်တစ်ခု၏ အရေးမဟုတ်တော့ဘဲ တစ်နိုင်ငံလုံး အပြင် နိုင်ငံတကာအရေးနှင့်ဆက်စပ် သည့်အတွက် အခက်အခဲစိန်ခေါ်မှု များစွာဖြင့် ဆောင်ရွက်နေရပါ ကြောင်း၊ ပြည်နယ်အစိုးရအနေဖြင့် နိုင်ငံတော်အစိုးရ၏ မူဝါဒ၊ မူဘောင် များဖြင့် အဂတိတရား ကင်းရှင်းစွာလုပ်ဆောင်လျက်ရှိပါကြောင်း၊ မိမိ တို့အနေဖြင့် ပြည်နယ်တည်ငြိမ် အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ကို အဓိကထား ဆောင်ရွက်နေပါ ကြောင်း၊ ထို့အပြင်နိုင်ငံတော်သမ္မတ ၏အထူးရန်ပုံငွေ ၃ ဒသမ ၆၅ ဘီလီယံဖြင့် ပြည်သူများလိုအပ်ချက် ကို ဖြည့်ဆည်းဆောင်ရွက်နိုင်ခဲ့ပါ ကြောင်းနှင့် ပြည်နယ်တည်ငြိမ်အေး ချမ်းရေးအတွက် တပ်မတော်၊ မြန်မာ နိုင်ငံရဲတပ်ဖွဲ့၊ ဌာနဆိုင်ရာများနှင့် ပြည်သူများပူးပေါင်းပြီးဆောင်ရွက်လျက်ရှိပါကြောင်းပြောကြားသည်။
ထို့နောက်တက်ရောက်လာကြ သည့် သတင်းမီဒီယာများက ရခိုင် ပြည်နယ်တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုး တိုးတက်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေး၊ သတင်း မီဒီယာများ လွတ်လပ်စွာသတင်းရယူ ရေးနှင့် ပြည်နယ်အစိုးရအဖွဲ့မှ တိကျ မှန်ကန်သည့်သတင်းများအား အချိန် နှင့်တစ်ပြေးညီ ထုတ်ပြန်ပေးနိုင် ရေးတို့ကို မေးမြန်းအကြံပြုဆွေးနွေး ကြရာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ် ဝန်ကြီးများ၊ အစိုးရအဖွဲ့အတွင်းရေး မှူးနှင့် သက်ဆိုင်ရာပြည်နယ်အဆင့် ဌာနဆိုင်ရာများမှ မေးမြန်းအကြံပြု ချက်များအပေါ် ပြန်လည်ရှင်းလင်း ဖြေကြား ဆွေးနွေးခဲ့ကြသည်။
သတင်းစာရှင်းလင်းပွဲသို့ ပြည်နယ် ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ အစိုးရအဖွဲ့အတွင်းရေးမှူး၊ ပြည်နယ် အဆင့်ဌာနဆိုင်ရာများ၊ သတင်းဌာန များမှ သတင်းမီဒီယာသမားများ တက်ရောက်ခဲ့ကြကြောင်း သိရ သည်။
တင်ထွန်း(ပြန်/ဆက်)

No comments:

Post a Comment