Wednesday, August 2, 2017

စပိန်ဝဲလ်ဘတ်

Image may contain: 4 people, people playing sports and outdoor
ချယ်လ်ဆီးနဲ့ အင်တာမီလန်အသင်းတို့ရဲ့ ချစ်ကြည်ရေး ခြေစမ်းပွဲမှာ ကွန်တီရဲ့ လူထုတ်ပုံနဲ့ ပတ်သက်ပြီး တွစ်တာလို လူမှုကွန်ရက်စာမျက်နှာတွေပေါ် မှတ်ချက်တွေ ပလူပျံလာပါတယ်။ ချယ်လ်ဆီးရဲ့ ပရီမီယာလိဂ်ပြိုင်ဘက် ပရိသတ်တွေက ချယ်လ်ဆီးရဲ့ စံချိန်တင် ပြောင်းရွှေ့ ကြေးနဲ့ ခေါ်ယူခံခဲ့ရတဲ့ မိုရာတာကို '' စပိန်ဝဲလ်ဘတ်''လို့မှတ်ချက် ရေးသားကြတဲ့အပေါ် ချယ်လ်ဆီးပရိသတ်တွေက အပြန်အလှန်ရေးသားကြရင်းနဲ့ မိုရာတာဟာ စပိန်ဝဲလ်ဘတ် ဖြစ်လာတော့တာဖြစ်ပါတယ်။
ကွန်တီက အင်တာမီလန်အသင်းကို ရင်ဆိုင်တဲ့ပွဲမှာ ဗဟိုတိုက်စစ်မှူးအဖြစ် ကစားနေ ကျ မိုရာတာကို တောင်ပံတိုက်စစ်နေရာ ထွက်ကစားစေခဲ့ပြီး ဗဟိုတိုက်စစ်နေရာမှာ ဘက်ရှုယာရီကို ထားကစားစေခဲ့တာကြောင့် အခုလို ဝေဖန်မှုတွေ ပလူပျံလာတာဖြစ်ပါတယ်။ ဒီအဖြစ်ဟာ အာဆင်နယ်နည်းပြ ဝင်းဂါးက ဗဟိုတိုက်စစ်ကစားသမား ဝဲလ်ဘတ်ကို တောင်ပံနေရာမှာ ထွက်ကစားခိုင်းခဲ့တာကြောင့် သူ့ရဲ့ခြေစွမ်းတွေ တောက်ပမလာခြင်းရဲ့ အကြောင်းတရားအဖြစ် ရှုမြင်သူတွေအများကြီးပါ။ ဒါကြောင့်လည်း မိုရာတာကို တောင်ပံထုတ်ကစားခိုင်းတဲ့ ကွန်တီရဲ့ လုပ်ရပ်ဟာဝင်းဂါးရဲ့ ဝဲလ်ဘတ်ကို လုပ်ဆောင်ခဲ့တဲ့ လုပ်ရပ်နဲ့ တစ်ထပ်တည်းကျပြီး မိုရာတာကို'' စပိန်ဝဲလ်ဘတ်''လို့ လှောင်ပြောင်မှုတွေ ထွက်လာစေတာ ဖြစ်ပါတယ်။
မေလဲ့သင်း

No comments:

Post a Comment