Thursday, August 3, 2017

နိုင်ငံတော်သမ္မတ ဦးထင်ကျော်ထံ သံအမတ်ကြီးများ ၄င်းတို့၏ခန့်အပ်လွှာများ ပေးအပ်

Image may contain: 1 person, sitting and indoor
နေပြည်တော် သြဂုတ် ၂
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးထင်ကျော်ထံ မြန်မာနိုင်ငံဆိုင်ရာ ပါကစ္စတန်အစ္စလာမ္မစ်သမ္မတနိုင်ငံ သံအမတ်ကြီးအဖြစ် ခန့်အပ်ရန် သဘောတူညီပြီးဖြစ်သည့် သံအမတ်ကြီး ဒေါက်တာ ခါလစ် ဟူစိန် မန်မွန်သည် ယနေ့ မွန်းလွဲ ၂ နာရီခွဲတွင် နေပြည်တော်ရှိ သမ္မတအိမ်တော်၌ ၄င်း၏ သံအမတ်ခန့်အပ်လွှာကို ပေးအပ်သည်။
အလားတူ နိုင်ငံတော်သမ္မတ ဦးထင်ကျော်ထံ မြန်မာနိုင်ငံဆိုင်ရာ အီသီယိုးပီးယားဖက်ဒရယ်ဒီမိုကရက်တစ်သမ္မတနိုင်ငံ သံအမတ်ကြီးအဖြစ် ခန့်အပ်ရန် သဘောတူညီပြီးဖြစ်သည့် သံအမတ်ကြီး မစ္စတာ အက်စ်စဖော ဒင်ဂမိုကာမီသည် ညနေ ၃ နာရီ ၅ မိနစ်တွင် ၄င်း၏ သံအမတ်ခန့်အပ်လွှာကို ပေးအပ်သည်။
အဆိုပါ သံအမတ်ခန့်အပ်လွှာပေးအပ်ပွဲအခမ်းအနားများသို့ သမ္မတရုံး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းသူ၊ နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးကျော်ဇေယျနှင့် သံတမန်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်တို့ တက်ရောက်ကြသည်။
(သတင်းစဉ်)

No comments:

Post a Comment