Thursday, August 3, 2017

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ရက်စ်တေလာဆန် အရှေ့တောင်အာရှနိုင်ငံများသို့ အလည်အပတ်လာရောက်မည်




ဝါရှင်တန် သြဂုတ် ၂

 


အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ရက်စ် တေလာဆန်သည် လာမည့် သြဂုတ် ၅ ရက်မှ ၉ ရက်အတွင်း ဖိလစ်ပိုင်နိုင်ငံ၊ ထိုင်းနိုင်ငံနှင့် မလေးရှားနိုင်ငံတို့သို့ အလည်အပတ်ခရီးစဉ် လာရောက် မည်ဖြစ်ကြောင်း အမေရိကန်နိုင်ငံခြား ရေးဝန်ကြီးဌာနက မကြာသေးမီက သတင်းထုတ်ပြန်ခဲ့သည်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ရက်စ်တေလာဆန်အနေဖြင့် ဖိလစ်ပိုင် နိုင်ငံ မနီလာမြို့တွင် ကျင်းပမည့်အရှေ့ တောင်အာရှနိုင်ငံများအဖွဲ့အစည်း ဒေသ တွင်းစည်းဝေးပွဲသို့ တက်ရောက်မည် ဖြစ်ကာ အစည်းအဝေးတွင် အခြားနိုင်ငံ များမှ နိုင်ငံခြားရေးဝန်ကြီးများနှင့် တွေ့ဆုံကာ ကိုရီးယားကျွန်းဆွယ် အတွင်း နျူကလီးယားကင်းစင်ရေး၊ ရေကြောင်းလုံခြုံရေး အကြမ်းဖက် တန်ပြန်တိုက်ဖျက်ရေးတို့နှင့် ပတ်သက် ပြီး ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရ သည်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ရက်စ်တေလာဆန်၏ ထိုင်းနိုင်ငံခရီးစဉ် တွင် ကွယ်လွန်သွားခဲ့သော ထိုင်းဘုရင် ဟောင်းဘူမိဘော အဒူလျာဒတ်အား သွားရောက်ဂါရဝပြုမည်ဖြစ်သလို ထိုင်း နိုင်ငံဆိုင်ရာ တာဝန်ရှိသူများနှင့် တွေ့ဆုံပြီး နှစ်နိုင်ငံမိတ်ဖက်ဆက်ဆံရေး နှင့် ဒေသတွင်းကိစ္စရပ်များ ဆွေးနွေးသွား မည်ဖြစ်ကြောင်း သိရသည်။
ထို့အတူ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး၏ မလေးရှားခရီးစဉ်တွင်လည်း တာဝန်ရှိသူများနှင့်တွေ့ဆုံပြီး နှစ်ပေါင်း ၆ဝ ကြာတည်ရှိခဲ့သော အမေရိကန်-မလေးရှားဆက်ဆံရေးကို အခြေခံကာ နယ်ပယ်အသီးသီးတွင် ပူးပေါင်းဆောင် ရွက်မှုများ ပိုမိုခိုင်မာလာစေရန် ဆွေးနွေး သွားမည်ဖြစ်သည်ဟု နိုင်ငံခြားရေး ဝန်ကြီး ရက်စ်တေလာဆန်က ပြောကြား ခဲ့ကြောင်း ဆင်ဟွာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။ (ဆင်ဟွာ)

No comments:

Post a Comment