Wednesday, August 30, 2017

လိမ္မာပါ့မယ်လို့ကတိပြုလိုက်တဲ့ မိုင်လီဆိုင်းရပ်စ်

Image may contain: 2 people, people on stage
အမေရိကန်ပေါ့ပ်ကြယ်ပွင့် မိုင်လီဆိုင်းရပ်စ်ဟာ သူ့အနေနဲ့ လိမ်လိမ်မာမာ နေထိုင်သွားမှာဖြစ်ကြောင်း သူ့ရဲ့လူမှုကွန်ရက်မီဒီယာပေါ်ကနေတစ်ဆင့် ဖခင်ဖြစ်သူကို လတ်တလောမှာ ကတိပေးပြောကြားခဲ့တယ်လို့ အေ့စ်ရှိုး ဘစ်ဇ်ဒေါ့ကွန်းရဲ့ ဖော်ပြချက်တွေအရ သိရပါတယ်။
မိုင်လီဆိုင်းရပ်စ်ဟာ ယခုနှစ်အတွက် ရည်ရွယ်ကျင်းပတဲ့ အမ်တီဗွီ တေးဂီတဆုပေးပွဲမှာ ပါဝင်ဖျော်ဖြေတင်ဆက်သွားမှာဖြစ်ပြီး ယင်းဆုပေးပွဲ ညမှာတော့ ယခင်လို လူအများဝေဖန်စရာအပြုအမူတွေကိုမလုပ်ဘဲ လိမ္မာမှာ ဖြစ်ကြောင်း သူ့ရဲ့ဖခင်ဖြစ်သူ ဘီလီရေးဆိုင်းရပ်စ်ကို သူ့ရဲ့လူမှုကွန်ရက်မီဒီယာ တစ်ခုဖြစ်တဲ့ တွစ်တာစာမျက်နှာပေါ်ကနေတစ်ဆင့် ရေးသားဖော်ပြခဲ့တာ ဖြစ်ပါတယ်။
ဖခင်ကိုကတိပေးခဲ့တဲ့အတိုင်း မိုင်လီဆိုင်းရပ်စ်ဟာ ပြီးခဲ့တဲ့ သြဂုတ် ၂၇ ရက်မှာ ကျင်းပခဲ့တဲ့ အမ်တီဗွီတေးဗီဒီယိုဆုပေးပွဲမှာ သူ့ရဲ့ အောင်မြင်တဲ့ တေးသီချင်းတစ်ပုဒ်ဖြစ်တဲ့ ''Younger Now''နဲ့ သီဆိုဖျော်ဖြေခဲ့ပြီး ယခင်ကလို ရိုင်းစိုင်းရင့်သီးတဲ့ ဝတ်စားဆင်ယင်မှုတွေနဲ့ ဟန်ပန်တွေကို မိုင်လီဆိုင်းရပ်စ်ဆီမှာ မတွေ့မြင်ရတော့ပါဘူး။ ဒါ့အပြင် သူ့ရဲ့ ပိုမိုကျွမ်းကျင်လာတဲ့ ဂီတအရည်အချင်း တွေနဲ့အတူ ယခင်ကထက် ပိုမိုငယ်ရွယ်သွားတဲ့ပုံစံမျိုးကိုသာ တွေ့ခဲ့ရတာ ဖြစ်ပါတယ်။
အေးပြည့်

No comments:

Post a Comment