Wednesday, August 30, 2017

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု မောင်တောဒေသပြည်သူများအား အားပေးနှစ်သိမ့်မှုနှင့်အတူ လိုအပ်သောစားနပ်ရိက္ခာ၊ အဝတ်အထည်နှင့်အသုံးအဆောင်ပစ္စည်းများ ကူညီထောက်ပံ့

Image may contain: 9 people, people standing and outdoor
စစ်တွေ သြဂုတ် ၂၉
ရခိုင်ပြည်နယ်အတွင်း သြဂုတ် ၂၅ ရက်က ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုဖြစ်စဉ်ကြောင့် ထိခိုက်ဒဏ်ရာရသူများနှင့် ဘေးလွတ်ရာ နေရာများသို့ ခေတ္တခိုလှုံလျက်ရှိသော တိုင်းရင်းသားပြည်သူများအား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုနှင့် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနမှ ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ပါမောက္ခ ဒေါက်တာမြင့်ဟန်တို့ ဦးဆောင်သောအဖွဲ့သည် ယနေ့ နံနက် ၉ နာရီခွဲတွင် မောင်တောဒေသအတွင်း ခေတ္တခိုလှုံရာနေရာများရှိ ပြည်သူများအား သွားရောက်တွေ့ဆုံအားပေးနှစ်သိမ့်စကား ပြောကြားကာ လိုအပ်သော စားသောက်ဖွယ်ရာများ၊ ဆေးဝါးများနှင့် အသုံးအဆောင်များကို ကူညီထောက်ပံ့ပေးအပ်ခဲ့သည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး၊ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ခမောင်းဆိပ် ကျေးရွာသို့ရောက်ရှိပြီး ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက တိုင်းရင်းသားပြည်သူများနှင့်တွေ့ဆုံရာတွင် ယခုပြည်သူများအနေဖြင့် စားနပ် ရိက္ခာအတွက် မပူပင်ကြစေလိုကြောင်း၊ တိုင်းရင်းသားတွေရဲ့ ခံစားမှုကို ရင်ထဲက နားလည်စာနာမိကြောင်း၊ အဓိက လာရသည့်ရည်ရွယ်ချက်က ပြည်သူများ ဘေးကင်းလုံခြုံရန်နှင့် ပိုပြီးဘေးကင်း လုံခြုံသောနည်းလမ်းများကို ညှိနှိုင်း ဆွေးနွေးပေးရန်ဖြစ်ကြောင်း၊ လတ် တလောစားဝတ်နေရေး အခြေအနေ ဖြေရှင်းဆောင်ရွက်ပေးရန်နှင့် ရိက္ခာများ ကိုလည်း နှစ်လစာ ကြိုတင်စီစဉ်ထားမှု ရှိ၍ ပြည်သူများအနေဖြင့် ပူပန်စရာ မလိုကြောင်း၊ သို့သော်လည်း လတ်တ လောအခြေအနေအရ လိုအပ်သော ရိက္ခာများ စီစဉ်ပေးလျက်ရှိကြောင်း၊ စားနပ်ရိက္ခာအတွက် နိုင်ငံတော်အနေဖြင့် ဆက်တိုက်ဖြည့်ဆည်းပေးသွားမည်ဖြစ်ကြောင်းနှင့် လုံခြုံရေးနှင့်ပတ်သက်၍ နယ်မြေရဲနှင့် နယ်ခြားစောင့်ရဲများနှင့် အတူတပ်မတော်အနေဖြင့် လုံခြုံရေး အင်အားများကို ဖြည့်ဆည်းပေးလျက် ရှိကြောင်း၊ ရေရှည်တွင် ယခုကဲ့သို့ အ္တရာယ်ပြုမှုမျိုးမဖြစ်အောင် ဆောင် ရွက်နေပါကြောင်း၊ လတ်တလောပြည်သူ များလိုအပ်မှုကို ဖြည့်ဆည်းပေးနိုင်ရန် ရောက်ရှိလာခြင်းဖြစ်ကြောင်း၊ ပြည်နယ် တွင်း တာဝန်ထမ်းဆောင်နေကြသော ကျန်းမာရေး၊ ပညာရေး စသည့်ဌာန ဆိုင်ရာဝန်ထမ်းများကိုလည်း အင်အား ဖြည့်တင်းမှုနှင့်အတူ အလှည့်ကျပြောင်းလဲတာဝန်ထမ်းဆောင်စေရန် ဌာန ဆိုင်ရာများအလိုက် ညှိနှိုင်းဆောင်ရွက် မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်းဖြင့် ပြောကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး နှင့်အဖွဲ့သည် ဗန္ဓုလကျေးရွာ၊ တောင်ပြိုဝဲ၊ မောရဝတီနှင့် ဘူးသီးတောင်မြို့တွင်းရှိ မြို့ဦးကျောင်း၊ လမ်းမကျောင်းနှင့် ရွှေကျင်ကျောင်းများရှိ ခေတ္တခိုလှုံလျက် ရှိသော ပြည်သူများအား လိုအပ်သော ပစ္စည်းများကို ကူညီထောက်ပံ့ပေးမှုများ နှင့်အတူ သွားရောက်တွေ့ဆုံအားပေး နှစ်သိမ့်စကားပြောကြားရာတွင် တိုင်းရင်း သားပြည်သူများက လုံခြုံရေးပိုမိုတိုးမြှင့် ပေးရန်၊ အေးချမ်းတည်ငြိမ်စွာနေထိုင် စားသောက်မှုရရှိရန်နှင့် မိမိနေရပ် တွင် အေးချမ်းစွာပြန်လည်နေထိုင်လို ကြောင်း စသည်ဖြင့် တင်ပြတောင်းဆို ကြသည်။
အဆိုပါ ခရီးစဉ်အတွင်း ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန ကုသရေး ဦးစီးဌာနညွှန်ကြားရေးမှူးချုပ် ပါမောက္ခ မြင့်ဟန်က ကျန်းမာရေးဝန်ထမ်းများ နှင့် တွေ့ဆုံအားပေးခဲ့ပြီး လိုအပ်သည် များကိုဖြည့်ဆည်းနိုင်ရန် စီစဉ်ဆောင်ရွက် ပေးသည်။ စုရပ်စခန်းများတွင် ဆေးပေး ခန်းများ ဖွင့်လှစ်ထားရှိရန်နှင့် လိုအပ် သောဆေးဝါးများ ဖြည့်ဆည်းပံ့ပိုးပေးခဲ့ ပြီးဆေးရုံများအတွက် လိုအပ်မည့် ဆေးဝါးများ ထပ်မံဖြည့်တင်းနိုင်ရေးနှင့် ကျန်းမာရေးဝန်ထမ်းများအတွက် စားနပ် ရိက္ခာများ ထောက်ပံ့နိုင်ရေးကိုလည်း ဆက်လက်ဆောင်ရွက်သွားရမည်ဖြစ် ကြောင်း ပြောကြားခဲ့သည်။
ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မောင်တောဒေသအတွင်းရှိ အကြမ်းဖက် ဖြစ်စဉ်များကြောင့် လုံခြုံသောနေရာများ တွင် ခေတ္တရောက်ရှိနေသော ပြည်သူ ၂၃ဝဝ ကျော်အား ခေါက်ဆွဲခြောက်၊ ငါးခြောက်၊ အဝတ်အထည်၊ ခြင်ထောင် နှင့် ဆေးဝါးများကို လတ်တလောအနေ ဖြင့် ကူညီထောက်ပံ့မှုများ ပြုလုပ်ခဲ့ပြီး ထောက်ပံ့မှုများကို ဆက်လက်၍ ဆောင် ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိ သည်။
(သတင်းစဉ်)

No comments:

Post a Comment