Wednesday, August 30, 2017

ဂျပန်-မြန်မာ နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုမြှင့်တင်ရေးနှင့် အကျိုးတူပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေး



နေပြည်တော် သြဂုတ် ၂၉
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်သည် ဂျပန်-မြန်မာပါလီမန်ချစ်ကြည်ရေးအသင်း အထွေထွေအတွင်းရေးမှူးနှင့် ဂျပန်နိုင်ငံအောက်လွှတ်တော်အမတ် Mr. Kozo YAMAMOTO နှင့်အဖွဲ့အား ယနေ့ မွန်းလွဲ ၂ နာရီခွဲတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်သူ့လွှတ်တော်ဧည့်ခန်းမဆောင်၌ လက်ခံ တွေ့ဆုံသည်။
တွေ့ဆုံစဉ် ဂျပန်-မြန်မာ နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုမြှင့်တင်ရေးနှင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်ရေး၊ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေး၊ လွှတ်တော်၏ ဥပဒေပြု ရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ ဆွေးနွေးကြသည်။
တွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးတီခွန်မြတ်နှင့် ပြည်သူ့လွှတ်တော် ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
(သတင်းစဉ်)

No comments:

Post a Comment