Wednesday, August 30, 2017

ထပ်မံတင်ပြလာသည့် မြေယာကိစ္စများကို ဆက်လက်ဖြေရှင်းဆောင်ရွက်ပေးသွားမည်

Image may contain: 2 people, people sitting, table and indoor

နေပြည်တော် သြဂုတ် ၂၉
လယ်ယာမြေနှင့် အခြားမြေများ သိမ်း ဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေး ဗဟိုကော်မတီ၏ (၂/၂ဝ၁၇) အစည်း အဝေးကို ယနေ့ မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ ပြည်ထဲရေးဝန်ကြီး ဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ လယ်ယာမြေနှင့် အခြားမြေများ သိမ်း ဆည်းခြင်းခံရမှုများပြန်လည်စိစစ်ရေး ဗဟိုကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ တက်ရောက်အမှာ စကားပြောကြားသည်။
အစည်းအဝေးသို့ ဗဟိုကော်မတီ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ အောင်သူ၊ ဗဟိုကော်မတီဝင် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်း၊ ဦးအုန်းဝင်း၊ ဦးခင်မောင်ချိုနှင့် ဦးဝင်းခိုင်၊ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦး၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်၊ တိုင်းဒေသ ကြီးနှင့် ပြည်နယ် လယ်ယာမြေနှင့် အခြား မြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန် လည်စိစစ်ရေး ကော်မတီဥက္ကဋ္ဌများ ဖြစ်ကြသည့် တိုင်းဒေသကြီးနှင့် ပြည်နယ် ဝန်ကြီးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
အကြိုညှိနှိုင်း
အစည်းအဝေးတွင် ဒုတိယသမ္မတ က လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ် ရေးဗဟိုကော်မတီ၏ လုပ်ငန်းဆောင်ရွက် နေမှုများနှင့်စပ်လျဉ်း၍ ၂ဝ၁၇ခုနှစ် ဇူလိုင် လ ၃၁ ရက်တွင် ဗဟိုကော်မတီနှင့် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌတို့ တွေ့ဆုံ၍ ဗဟိုကော်မတီမှချမှတ်ထားသည့် မူဝါဒ၊ လုပ်ငန်းစဉ်နှင့် လမ်းòန်ချက်များကို ပိုမို ကျစ်လျစ်မှုရှိစေရန် ပြင်ဆင်ဆောင်ရွက် သွားရေးနှင့် ကော်မတီအဆင့်ဆင့် ဖွဲ့စည်း ပုံတွင် ပြည်သူ့လွှတ်တော်၊ အမျိုးသား လွှတ်တော်နှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ ကို အချိုးကျကျထည့်သွင်းဖွဲ့စည်းနိုင်ရေး တို့ကို ဆွေးနွေးခဲ့ပါကြောင်း၊ အဆိုပါ ဆွေးနွေးမှုများနှင့်စပ်လျဉ်း၍ ၂ဝ၁၇ ခုနှစ် သြဂုတ်လ ၂၃ ရက်တွင် ဗဟိုကော်မတီ အတွင်းရေးမှူးဦးဆောင်၍ နေပြည်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် လယ်ယာ မြေနှင့် အခြားမြေများသိမ်းဆည်းခြင်း ခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီဝင် နေပြည်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အုပ်ချုပ်ရေးမှူးများ၊ အတွင်း ရေးမှူးများနှင့် အကြိုညှိနှိုင်းဆွေးနွေး ခဲ့ပါကြောင်း။
ဗဟိုကော်မတီအနေဖြင့် လယ်ယာ မြေနှင့် အခြားမြေများသိမ်းဆည်းခံရမှု များ ပြန်လည်စိစစ်ရေးနှင့် စပ်လျဉ်း၍ နေပြည်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်၊ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ကော်မတီအဆင့်ဆင့် ဖွဲ့စည်းတာဝန်ပေးအပ်ထားရာ ကော်မတီ အဆင့်ဆင့်၏ဖွဲ့စည်းပုံတွင် ပြည်သူ့ လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များ ထည့်သွင်းဖွဲ့စည်း ဆောင်ရွက်ရန် ကြိုတင်အကြောင်းကြား ထားပြီး ဖြစ်ပါကြောင်း၊ အဆိုပါဖွဲ့စည်းမှု အခြေအနေများကို ဆွေးနွေးရန် လိုအပ် မည်ဖြစ်ပါကြောင်း၊ သိမ်းဆည်းမြေ တိုင်ကြားစာများနှင့် ပတ်သက်၍ လက်တွေ့မြေပြင်ဖြေရှင်းဆောင်ရွက်ရာတွင် တွေ့ကြုံရသည့် အခြေအနေများ ကို သဘောထားတင်ပြဆွေးနွေးပေးရန် လိုအပ်ပါကြောင်း၊ အလားတူ လယ်ယာ မြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှု များ ပြန်လည်စိစစ်ရေးဗဟိုကော်မတီနှင့် ကော်မတီအဆင့်ဆင့်သို့ နစ်နာသူ ကာယကံရှင်များက လက်မှတ်ရေးထိုး တိုက်ရိုက်တိုင်ကြားမှုများကို အလေးထား အရေးယူဆောင်ရွက်ပေးရမည်ဖြစ်သော် လည်း ကာယကံရှင်များကိုယ်စား ကြားခံ ပုဂ္ဂိုလ်များ၊ အထူးကိုယ်စားလှယ်လွှဲအပ် ခြင်းခံရသူများနှင့် အဖွဲ့အစည်းအမည်ခံ တိုင်ကြားလာမှုများနှင့် စပ်လျဉ်း၍ ပြန်လည်သုံးသပ်ရန် လိုအပ်ပါကြောင်း။
နောက်ဆုံးအခြေအနေ
ဗဟိုကော်မတီက လွှဲပြောင်းပေးပို့ ထားသည့် တိုင်ကြားစာအမှုတွဲများကို နေပြည်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေး ကော်မတီများသို့ တိုက်ရိုက်တိုင်ကြား ထားသော တိုင်ကြားစာအမှုတွဲများနှင့် ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် သက်တမ်းတွင် ဖွဲ့စည်းခဲ့သည့် ပြည်ထောင်စုလွှတ်တော် လယ်ယာမြေ နှင့် အခြားမြေများ သိမ်းဆည်းခံရမှုများစုံစမ်းရေးကော်မရှင်မှ တိုင်ကြားစာများ နှင့်ပတ်သက်၍ နေပြည်တော်၊ တိုင်းဒေသ ကြီးနှင့် ပြည်နယ်များအလိုက် လွှဲပြောင်း ပေးပို့ထားသည့် စိစစ်တွေ့ရှိချက် အစီရင် ခံစာအပေါ် ဆောင်ရွက်ထားရှိမှု နောက် ဆုံးအခြေအနေများကိုလည်း ဆွေးနွေး တင်ပြပေးရန် လိုအပ်ပါကြောင်း ပြောကြားသည်။
ဆက်လက်ဖြေရှင်းပေးမည်
ဆက်လက်၍ ဒုတိယသမ္မတက တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရအဖွဲ့ များမှ သီးခြားကိစ္စတစ်ရပ်အနေဖြင့် တင်ပြလာသည့် မြေကိစ္စရပ်များကို ဆောလျင်စွာ ဖြေရှင်းနိုင်ရေးအတွက် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ် ကိုယ်စားလှယ်များအပါအဝင် ဝန်ကြီး ဌာနကိုယ်စားလှယ်များဖြင့် သီးခြား အစည်းအဝေးများပြုလုပ်၍ ဖြေရှင်း ဆောင်ရွက်လျက်ရှိရာ မ္တလေးနှင့် ပဲခူး တိုင်းဒေသကြီး၊ ကချင်၊ ကယား၊ ချင်းနှင့် ရှမ်းပြည်နယ်တို့တွင် ဖြေရှင်းဆောင်ရွက် ပေးနိုင်ခဲ့ပါကြောင်း၊ ထပ်မံတင်ပြလာ သည့် မြေကိစ္စများကိုလည်း ဆက်လက် ဖြေရှင်းဆောင်ရွက်ပေးသွားမည် ဖြစ်ပါ ကြောင်း။
လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေး ဗဟိုကော်မတီ၏ လုပ်ငန်းဆောင်ရွက်မှု များ၊ ဗဟိုကော်မတီနှင့် ကော်မတီ အဆင့်ဆင့်၏ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို နိုင်ငံပိုင်သတင်းစာ များတွင် ထုတ်ပြန်ထားပြီးဖြစ်ပါကြောင်း၊ နေပြည်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ကော်မတီများအနေဖြင့် လည်း ဒေသတွင်း မြေကိစ္စတိုင်ကြားမှု များ၊ ဖြေရှင်းဆောင်ရွက်ပေးနေမှုများ နှင့် သက်ဆိုင်ရာဝန်ကြီးဌာန၊ အဖွဲ့အစည်း များမှ ပြန်လည်စွန့်လွှတ်ပေးသည့် မြေယာများနှင့်စပ်လျဉ်း၍ မူလပိုင်ရှင် များသို့ ပြန်လည်လွှဲပြောင်းပေးသည့် အခြေအနေများကို ပြည်သူများသိရှိနိုင် ရန် သတင်းများထုတ်ပြန် ကြေညာပေး သွားရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ ဗဟို ကော်မတီနှင့် ကော်မတီအဆင့်ဆင့်၏ လုပ်ငန်းဆောင်ရွက်မှုများနှင့် ပတ်သက်၍ အားနည်းချက် အားသာချက်များကို ညှိနှိုင်းဆောင်ရွက်ရန် ဗဟိုအဆင့်အစည်း အဝေးကို သုံးလတစ်ကြိမ် လျာထား ကျင်းပခဲ့ရာ ယခုဆိုလျှင် စတုတ္ထအကြိမ် ဖြစ်ပါကြောင်း၊ အလားတူ တိုင်းဒေသကြီး နှင့် ပြည်နယ်များတွင်လည်း တစ်လ တစ်ကြိမ် မဖြစ်မနေ အစည်းအဝေးများ ကျင်းပသွားကြရမည် ဖြစ်ပါကြောင်း၊ ကော်မတီများအနေဖြင့် အောက်ခြေ အဆင့်ထိ ကော်မတီရုံးများ သီးခြား ဖွင့်လှစ်၍ လုံလောက်သည့် ဝန်ထမ်း အင်အားဖြင့် တာဝန်ပေးအပ်ရမည်ဖြစ်ပါ ကြောင်း၊ ကော်မတီဝင်များနှင့် ဝန်ထမ်း များ လုပ်ငန်းစွမ်းရည်မြှင့်တင်နိုင်ရေး နှင့် လုပ်ငန်းကျွမ်းကျင်မှု ရှိစေရေးအတွက် မြေယာဥပဒေနှင့် လုပ်ထုံးလုပ်နည်းများသိရှိနိုင်ရန် သင်တန်းများ၊ အလုပ်ရုံ ဆွေးနွေးပွဲများကို အလေးထားကျင်းပ ဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်း၊ အစည်းအဝေးသို့ တက်ရောက်လာကြ သူများအနေဖြင့် ကော်မတီအဆင့်ဆင့် တွင် လွှတ်တော်ကိုယ်စားလှယ်များ ထည့်သွင်းဖွဲ့စည်းထားရှိမှု အခြေအနေ၊ မြေကိစ္စတိုင်ကြားစာများ စိစစ်ဆောင် ရွက်မှုအခြေအနေ၊ ကော်မတီအဆင့် အလိုက် လစဉ်အစည်းအဝေးပြုလုပ်မှု အခြေအနေနှင့် ဗဟိုကော်မတီမှ ချမှတ် ထားသည့် မူဝါဒ၊လုပ်ငန်းစဉ်နှင့် လမ်းòန် ချက်များ ပိုမိုကျစ်လျစ်မှုရှိစေရေးတို့ကို အကြံပြုဆွေးနွေးပေးကြရန် တိုက်တွန်း ပါကြောင်း ပြောကြားသည်။
ထို့နောက် လယ်ယာမြေနှင့် အခြား မြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန် လည်စိစစ်ရေးဗဟိုကော်မတီ တွဲဖက် အတွင်းရေးမှူး အမြဲတမ်းအတွင်းဝန် ဦးတင်မြင့် က လယ်ယာမြေနှင့် အခြား မြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန် လည်စိစစ်ရေး လုပ်ငန်းဆောင်ရွက်မှု အခြေအနေများနှင့် စပ်လျဉ်း၍ ရှင်းလင်း တင်ပြသည်။
ယင်းနောက် နေပြည်တော်၊ တိုင်း ဒေသကြီးနှင့် ပြည်နယ် လယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းခြင်းခံရမှုများပြန်လည်စိစစ်ရေးကော်မတီဥက္ကဋ္ဌများ က လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ် ရေးနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာ ဒေသ အလိုက်ဆောင်ရွက်နေမှု အခြေအနေ များကို ဆွေးနွေးတင်ပြကြသည်။
ဖြည့်စွက်ဆွေးနွေး
ထို့နောက် လယ်ယာမြေနှင့် အခြား မြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးဗဟိုကော်မတီ ဒုတိယ ဥက္ကဋ္ဌနှင့် ကော်မတီဝင်များက ဖြည့်စွက် ဆွေးနွေးကြသည်။
ယင်းနောက် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည် စိစစ်ရေးဗဟိုကော်မတီ ဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက ရှင်းလင်းတင်ပြ ဆွေးနွေးချက်များနှင့် စပ်လျဉ်း၍ ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။
(သတင်းစဉ်)

No comments:

Post a Comment