Wednesday, August 2, 2017

နန့်တီဆင်းတံတား မကြာမီဖြတ်သန်းခွင့်ပြုမည်

Image may contain: sky, beach, bridge, ocean, outdoor, water and nature
မြို့သစ် သြဂုတ် ၁
မြို့သစ်မြို့ မင်းသာကျေးရွာ နန့်တီဆင်းချောင်းပေါ်တွင်တည်ဆောက်ထားသော နန့်တီဆင်းတံတားသည် လွန်ခဲ့သောနှစ်ကချောင်းရေတိုက်စား မှုကြောင့်ပျက်စီးသွားသဖြင့် ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ်တွင် စစ်ကိုင်းတိုင်း ဒေသကြီးအစိုးရအဖွဲ့၏ခွင့်ပြုရန်ပုံငွေ ကျပ်သန်း ၂ဝဝ ဖြင့် ပြန်လည်တည် ဆောက်ခဲ့ရာ ပြီးစီးပြီဖြစ်၍ မကြာခင် ဖြတ်သန်း သွားလာနိုင်တော့မည် ဖြစ်ကြောင်းသိရသည်။
''နန့်တီဆင်းတံတားက အရှည်ပေ ၁၆ဝ၊ အကျယ် ၁၂ ပေခွဲရှိပြီးတော့ သံကူကွန်ကရစ်အုတ်မြစ်ချ ဘေလီ သစ်သားတံတားဖြစ်ပါတယ်။ တည်ဆောက်ရေးလုပ်ငန်းများပြီးစီးပြီဖြစ်လို့ မကြာခင် ဖြတ်သန်းသွားလာခွင့် ပြုမှာဖြစ်ပါတယ်'' ဟု လမ်းဦးစီးဌာန မှတာဝန်ရှိသူတစ်ဦးကပြောသည်။
အဆိုပါတံတားသည် ကဘော် ချိုင့်ဝှမ်းဒေသအထက်ပိုင်းကျေးရွာ များနှင့် ဟုမ္မလင်းမြို့နယ်သို့ ဆက် သွယ်သွားလာရာတွင် အရေးပါသည့် တံတားတစ်စင်းဖြစ်ကြောင်း သိရ သည်။
ထွန်းမင်းအောင်(ပြန်/ဆက်)

No comments:

Post a Comment