Wednesday, August 30, 2017

အာဆင်နယ်ကွင်းလယ်လူချိန်ဘာလိန် ကိုခေါ်ယူရန် ချယ်လ်ဆီးအသင်း သဘောတူညီချက်ရရှိ

Image may contain: 1 person, playing a sport and outdoor
ပရီမီယာလိဂ်ချန်ပီယံ ချယ်လ်ဆီးအသင်းသည် အာဆင်နယ်ကွင်းလယ်လူ ချိန်ဘာလိန်ကို ပေါင် ၃၅ သန်းဖြင့်ခေါ်ယူရန် သဘောတူညီချက် ရရှိခဲ့ပြီ ဖြစ်သည်။ ချိန်ဘာလိန်မှာ လာမယ့်နှစ်နွေရာသီတွင် အာဆင်နယ်နှင့် စာချုပ်သက်တမ်း ကုန်ဆုံးမည်ဖြစ်သော်လည်း အာဆင်နယ်၏ သက်တမ်း တိုးစာချုပ်ကမ်းလှမ်းမှုကို ငြင်းဆန်ထားပြီးကတည်းက ချယ်လ်ဆီးသို့ ချိန်ဘာလိန်သွားတော့မည်ဟူသော သတင်းများ အားကောင်းလာခဲ့သည်
ချယ်လ်ဆီးဘက်က ချိန်ဘာလိန်နှင့်ကိစ္စရပ်ကို မှတ်ချက်ပြုပြောကြား ခြင်းမရှိသော်လည်း သဘောတူညီချက်ရရှိခဲ့ပြီးပြီဟု ဘီဘီစီသတင်း ဌာနက ဖော်ပြခဲ့သည်။ ချိန်ဘာလိန်မှာ ယခုနှစ် အာဆင်နယ်အသင်းအတွက် ပွဲစဉ်တိုင်း ဝင်ရောက်ကစားထားသူဖြစ်ပြီး လီဗာပူးကို လေးဂိုးပြတ်ဖြင့် အရေးနိမ့်ခဲ့သည့် ပွဲစဉ်ကိုပင် ဝင်ရောက်ကစားပေးခဲ့သည်။
ချယ်လ်ဆီးသည် ယခုနှစ်နွေဈေးကွက်အတွင်း မိုရာတာ၊ ကာဘယ် လီယို၊ ရူဒီဂါနှင့် ဘာကာယိုကိုတို့ကို ခေါ်ယူခဲ့ပြီးဖြစ်ရာ ချိန်ဘာလိန်မှာ ယခုနှစ် နွေဈေးကွက် ချယ်လ်ဆီး၏ ပဉ္စမမြောက်ခေါ်ယူသည့် ကစား သမားဖြစ်လာမည်ဖြစ်သည်။ ချယ်လ်ဆီးနည်းပြ ကွန်တီက ဈေးကွက် ပိတ်သိမ်းမည့် သြဂုတ် ၃၁ ရက်မတိုင်ခင် ကစားသမားအင်အား ထပ်မံ ဖြည့်တင်းရေး ဆောင်ရွက်ဦးမည်ဖြစ်ကြောင်း အစောပိုင်းက အတည်ပြု ထားခဲ့ပြီးဖြစ်သည်။
ချိန်ဘာလိန်မှာ ၂ဝ၁၁ ခုနှစ် သြဂုတ်လတွင် ဆောက်သမ်တန်မှ အာဆင်နယ်အသင်းသို့ ပြောင်းရွှေ့လာခဲ့ပြီးနောက် ၁၉၈ ပွဲ ဝင်ရောက် ကစားပေးထားသူဖြစ်သည်။ အာဆင်နယ်၏ အဓိကကစားသမားများ ဖြစ်သည့် အိုဇေးလ်နှင့် ဆန်းချက်ဇ်တို့မှာလည်း လာမယ့်နှစ် နွေဈေးကွက် တွင် စာချုပ်သက်တမ်းကုန်ဆုံးကြမည် ဖြစ်သည်။
မေလဲ့သင်း

No comments:

Post a Comment