Wednesday, August 30, 2017

ဝန်ထမ်းများ အရည်အချင်း မြင့်မားတိုးတက်စေရန် စွမ်းရည်မြှင့်သင်တန်းဖွင့်

Image may contain: one or more people
ရန်ကုန် သြဂုတ် ၂၉
ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးဌာနလက်အောက်ရှိ ဝန်ထမ်းများ အရည်အချင်းများမြင့်မားတိုးတက်စေရန် ရည်ရွယ်၍ စွမ်းရည်မြှင့်သင်တန်းများကို ဖွင့်လှစ်သင်ကြားလျက်ရှိရာ ယခုအခါ စွမ်းရည်မြှင့်သင်တန်း (၂/၂ဝ၁၇)ကို ရန်ကုန်မြို့ရှိ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တိုင်းဒေသကြီး ရုံး သင်တန်းခန်းမ၌ သြဂုတ် ၂၈ ရက် နံနက် ၉ နာရီက စတင်ဖွင့်လှစ် သင်ကြားခဲ့ကြောင်း သိရသည်။
အခမ်းအနားသို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမောင်ဖေ တက်ရောက် အမှာစကားပြောကြားခဲ့ ပြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြုပြင်ပြောင်းလဲရေး ဆောင်ရွက်ချက်များကို ရှင်းလင်း ပြောကြားခဲ့သည်။
အမှာစကား ပြောကြားရာတွင် ဝန်ထမ်းများအနေဖြင့် ဒီမိုကရေစီ ခေတ်တွင် မိမိတို့၏ ခံယူချက်များ၊ အတွေးအခေါ်များပြောင်းလဲရန် လိုကြောင်း၊ အမှန်ကို အမှန်အတိုင်း ရဲရဲဝံ့ဝံ့ တင်ပြဆောင်ရွက်ကြရန်နှင့် လက်ရှိဆောင်ရွက်နေသည့် Community Centreများအကြောင်း၊ ဆက်လက်ဆောင်ရွက်သွားမည့် Community Centre များအကြောင်းကို ရှင်းလင်း ပြောကြားခဲ့သည်။
သင်တန်းမှာ သြဂုတ် ၂၈ ရက်မှ စက်တင်ဘာ ၂၂ ရက်အထိ ကြာမြင့်
မည်ဖြစ်ပြီး ရန်ကုန်၊ မွန်၊ ရခိုင်၊ တနင်္သာရီ၊ ပဲခူးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့မှ သင်တန်းသား၊ သင်တန်းသူ ၂၉ ဦး တက်ရောက်လျက် ရှိသည်။
တိုင်းဒေသကြီး ပြန်/ဆက်

No comments:

Post a Comment