Thursday, August 31, 2017

သရုပ်ဆောင်လုပ်ဖို့အစီအစဉ်မရှိသေးဘူးဆိုတဲ့ ပန်းရောင်ခြယ်

Image may contain: one or more people
နိုင်ငံကျော်တေးသံရှင် ဂရေဟမ်ရဲ့ သမီးဖြစ်သူ ပန်းရောင်ခြယ်က ဂီတပိုင်းကိုပဲ အချိန်ပေးချင်တာကြောင့် သရုပ် ဆောင်လုပ်ဖို့အစီအစဉ်မရှိသေးဘူးလို့ ပြောပါတယ်။
''ပန်းရောင်ကို ကြော်ငြာလေးတွေ၊ ဓာတ်ပုံလေးတွေရိုက်ပေးဖို့ ကမ်းလှမ်းတာလေးတွေကိုပဲ ကိုယ်တတ်နိုင် သလောက် ရိုက်ဖြစ်တာပါ။ ပန်းရောင်သရုပ်ဆောင်လုပ်ဖို့ကတော့ အစီအစဉ်မရှိသေးပါဘူး။ ဘာလို့လဲဆိုတော့ ပန်းရောင်က ဂီတကို ပိုပြီးဝါသနာပါတဲ့အတွက် သီချင်းတွေကိုပဲ သေချာလေးစိတ်နှစ်ပြီးလုပ်သွားမှာပါ'' လို့ ပန်းရောင်ခြယ်က ပြောပြပါတယ်။
သူမအနေနဲ့ ဖခင်ဖြစ်သူကို အားကျသူပီပီ တေးဂီတပိုင်းကိုသာ အာရုံစိုက် ကြိုးစားသွားမှာ ဖြစ်သလို လတ်တလောမှာလည်း သူမရဲ့ ပထမဆုံးတစ်ကိုယ်တော်စီးရီးအတွက် အကောင်းဆုံးဖြစ်အောင် ဖခင်နဲ့တိုင်ပင်ပြီး ပြင်ဆင်နေတယ်လို့ ထပ်မံပြောပြပါတယ်။
''ပန်းရောင်ရဲ့ တစ်ကိုယ်တော်ခွေမှာတော့ ကိုယ့်အသံနဲ့ လိုက်မယ်ထင်တဲ့ ပေါ့ပ် နဲ့ အာရန်ဘီ သီချင်းတွေကို အဓိကဆိုသွားမှာပါ။ အချစ်သီချင်း အများဆုံးပါပါမယ်။ ဒါက ပန်းရောင်ရဲ့ ပထမဆုံး အယ်လ်ဘမ်လေးဖြစ်တဲ့အတွက် သီချင်းရွေးချယ်မှု ပိုင်းကအစ သေချာလေးလုပ်ထားပါတယ်။ အယ်လ်ဘမ်ထွက်လာရင်လည်း ပန်းရောင်ကို အားပေးဝေဖန်ကြပါဦးလို့ ပြောချင်ပါတယ်''ဟု ပန်းရောင်ခြယ်က ထပ်မံပြောပြခဲ့ပါတယ်။
ဒီအယ်လ်ဘမ်မှာတော့ တေးသံရှင် ပန်းရောင် ခြယ်ရဲ့ ကိုယ်တိုင်ရေးတေးသီချင်းတွေ အများဆုံး ပါဝင်မှာဖြစ်ပြီး တေးရေး အောင်ကိုမြင့်နဲ့ အခြား တေးရေးဆရာတွေလည်း ပါဝင်ရေးသားပေးထား တဲ့အပြင် ဒီနှစ်အတွင်းမှာ ထွက်ရှိနိုင်ဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။
မေနှင်းဆီ

No comments:

Post a Comment