Tuesday, August 29, 2017

ထိုင်း-မြန်မာ ရုပ်ရှင်လုပ်ငန်းဆွေးနွေးပွဲ ကျင်းပ

Image may contain: 9 people, people smiling, people standing
ရန်ကုန် သြဂုတ် ၂၈
မျက်မှောက်ခေတ် ရုပ်ရှင်လုပ်ငန်းဆောင်ရွက် သူများအနေဖြင့် ရိုက်ကူးနည်းပညာများ၊ ခေတ်မီစက်ပစ္စည်းသုံးစွဲမှုများ၊ တည်းဖြတ်၊ ကွန်ပျူတာနည်းပညာ၊ တီထွင်ဆန်းသစ်မှုများ လုပ်ဆောင်နိုင်ပါမှ နိုင်ငံတွင် နာမည်ရ ဦးဆောင်နိုင်မည်ဖြစ်ပြီး နိုင်ငံခြားဈေးကွက် ထိုးဖောက်နိုင်သော အခြေအနေရောက်ရှိနိုင် စေရန်အတွက် မြန်မာနိုင်ငံ ရုပ်ရှင်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးနှင့် ရုပ်ရှင်စက်မှုနည်းပညာ နှင့်စက်ပစ္စည်းအကြောင်းအရာများ ရှင်းလင်း ပြသဆွေးနွေးရန်အတွက် ထိုင်း-မြန်မာရုပ်ရှင် လုပ်ငန်းဆွေးနွေးပွဲကို (Thai Films Delegation to Myanmar) ကို သြဂုတ် ၂၈ ရက်က ကမာရွတ်မြို့နယ် ပြည်လမ်း နိုဗိုတယ် ဟိုတယ်၌ ကျင်းပရာ ပြန်ကြားရေးဝန်ကြီး ဌာန မြန်မာ့ရုပ်ရှင်မြှင့်တင်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာ့ရုပ်ရှင်နိုင်ငံခြား ဈေးကွက် ထိုးဖောက်ရေးကျွမ်းကျင် အတိုင်ပင်ခံနှင့် မြန်မာ့ရုပ်ရှင်လုပ်ငန်းရှင်များ၊ ဒါရိုက်တာများ၊ လုပ်ငန်းရှင်များ၊ သရုပ်ဆောင် များ တက်ရောက်ကြသည်။
ရှေးဦးစွာ ထိုင်း-မြန်မာရုပ်ရှင်လုပ်ငန်း ဆွေးနွေးပွဲနှင့် ပတ်သက်သောဗီဒီယိုကို ပြသ သည်။ ထို့နောက် ထိုင်း-မြန်မာရုပ်ရှင်လုပ်ငန်း ဆွေးနွေးပွဲ(Thai Films Delegation to Myanmar)ဖွင့်ပွဲအစီအစဉ်အရ Mr.Pakainay Leng-EE , Minister Counselor, Office of the Commercial Affairs office, Royal Thai Embassy in Yangon က အဖွင့်အမှာစကား ပြောကြားသည်။
ဆက်လက်၍ ထိုင်း-မြန်မာရုပ်ရှင် လုပ်ငန်းဆွေးနွေးပွဲကို မြန်မာ့ရုပ်ရှင်မြှင့်တင် ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာဒေါ်သီတာတင်၊ Minister Counselor ဖြစ်သူ Mr.Pakainay Leng-EE၊ မြန်မာ့ရုပ်ရှင် နိုင်ငံခြားဈေးကွက်ထိုးဖောက်ရေး ကျွမ်းကျင်အတိုင်ပင်ခံ ဒေါ်ဆွေဇင်ထိုက်နှင့်DITP မှ တာဝန်ရှိသူတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြသည်။ ထို့နောက် စုပေါင်း မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ကြသည်။
အဆိုပါ ဆွေးနွေးပွဲတွင် ထိုင်းနိုင်ငံရှိ ရုပ်ရှင်လုပ်ငန်းများ၊ တီဗွီချန်နယ်များနှင့် ဖျော်ဖြေရေးကုမ္ပဏီကြီး ၁၄ ခုမှ ခေတ်မီနည်း ပညာ၊ ဝန်ဆောင်မှုများကို ပြခန်းစုစုပေါင်း ၁၄ ခန်းဖြင့် ခင်းကျင်းပြသထားရာ အကျိုးတူ ပူးပေါင်းဆောင်ရွက်လိုသည့် မြန်မာ့ရုပ်ရှင် ထုတ်လုပ်ရေးလုပ်ငန်းရှင်များ လာရောက် ဆွေးနွေးကြကြောင်း သိရသည်။ ထိုင်း-မြန်မာ ရုပ်ရှင်လုပ်ငန်းဆွေးနွေးပွဲကို ထိုင်းနိုင်ငံ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မြှင့်တင်မှု ဗဟိုဌာန၊ စီးပွားကူးသန်းဝန်ကြီးဌာနDepartment of International Trade Promotion (DITP)မှ မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ်အဖြစ် ကျင်းပခြင်းဖြစ်ပြီး ဆွေးနွေးပွဲကို ညနေ ၅ နာရီအထိ မြန်မာ့ ရုပ်ရှင်ထုတ်လုပ်သူများ၊ ဒါရိုက်တာများ၊ သရုပ်ဆောင်များ၊ ဗီဒီယိုလုပ်ငန်းရှင်များ ပါဝင်ဆွေးနွေးခဲ့ကြောင်း သိရသည်။
(ခင်မောင်သော်)

No comments:

Post a Comment