Tuesday, August 29, 2017

လားရှိုး၌အခြေခံအိမ်တွင်းမှု သင်တန်းအမှတ်စဉ် (၇၆)နှင့် အဆင့်မြင့် စက်ချုပ်သင်တန်း အမှတ်စဉ်(၄၈) သင်တန်းဖွင့်

Image may contain: 3 people, people sitting, table and indoor
လားရှိုး သြဂုတ် ၂၈
လားရှိုးမြို့ အမှတ်(၁၂)ရပ်ကွက် အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်း၌ သြဂုတ် ၂၈ ရက် နံနက် ၈ နာရီခွဲက နယ်စပ်ရေးရာဝန်ကြီးဌာန ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန အမျိုးသမီးအခြေခံ အိမ်တွင်းမှု သင်တန်းအမှတ်စဉ် (၇၆)၊ အဆင့်မြင့် စက် ချုပ်သင်တန်း အမှတ်စဉ်(၄၈) သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပသည်။
အခမ်းအနား၌ ပြည်နယ်ဒုတိယအုပ်ချုပ်ရေးမှူး ဦးကျော်
သူဇော်က သင်တန်းဖွင့်မိန့်ခွန်းပြောကြားပြီး သင်တန်း ကျောင်း ကျောင်းအုပ်ဒေါ်ဆွေဆွေဦးက သင်တန်းတွင်သင်ကြားပို့ချမည့်ဘာသာရပ်များမှာ အမျိုးသမီးအင်္ကျီ ဒီဇိုင်းများ၊ စတိုင်ဘောင်းဘီ၊ ရှမ်းရိုးရာဝတ်စုံချုပ်နည်းများ၊ ယူနီဖောင်းဝတ်စုံ၊ ထိုင်မသိမ်းချုပ်နည်းများအပြင် ခေတ်မီမော်တာစက်ချုပ်နည်းများပါဝင်မည်ဖြစ်သည်။
လားရှိုး၌ ဖွင့်လှစ်သောအမျိုးသမီးအခြေခံ အိမ်တွင်းမှု သင်တန်းအမှတ်စဉ်(၇၆)၊ အဆင့်မြင့် စက်ချုပ်သင်တန်း အမှတ်စဉ်(၄၈) သင်တန်းကို မြန်မာနိုင်ငံအထက်ပိုင်း၊ ပြည်နယ်၊ တိုင်းဒေသကြီး၊ မြို့နယ်များမှ သင်တန်းသူ ၁ဝ၆ ဦးအား သင်တန်းကျောင်းအုပ် အပါအဝင် သင်တန်း နည်းပြ ရှစ်ဦးတို့ကသင်ကြားပို့ချမည်ဖြစ်သည်။ သင်တန်း ကာလမှာ သြဂုတ် ၂၈ မှ ဒီဇင်ဘာ ၁ ရက်အထိ ပို့ချ သင်ကြားသွားမည်ဖြစ်ကြောင်း သိရပြီး သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာန ဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ အလှူရှင်များ၊ သင်တန်းသူများတက်ရောက်ခဲ့ကြသည်။
ဟန်ဌေး(လားရှိုး)

No comments:

Post a Comment