Thursday, August 3, 2017

ပြင်သစ်ဂျက်လေယာဉ်တစ်စင်း ဒုံးကျည်စမ်းသပ်မှုဇုန်ကို ဖြတ်ကျော်ပျံသန်း




ဝါရှင်တန် သြဂုတ် ၂




 ပြင်သစ်ဂျက်လေယာဉ် တစ်စင်းသည် ဂျပန်ပင်လယ်ပြင်ပေါ်၌ ဖြတ်ကျော် ပျံသန်းမှု ပြုလုပ်ခဲ့ကြောင်း အမေ ရိကန်အစိုးရ အဖွဲ့အာဏာပိုင်များက ပြောကြားခဲ့သည်။ မြောက်ကိုရီးယား သည် အဆိုပါ နယ်နိမိတ်အတွင်း၌ ပြီးခဲ့သည့်သောကြာနေ့က ဒုံးကျည် စမ်းသပ်မှုပြုလုပ်ခဲ့သည်။
တိုကျိုနှင့် ပါရီကိုပြေးဆွဲသည့် လေကြောင်းလိုင်းခရီးစဉ်ဖြစ်သည့်Air France ဂျက်လေယာဉ် ၂၉၃ သည် ဂျပန်ပင်လယ်မှ ဟော့ကိုင်းဒိုးအနောက် ဘက်ဆီသို့ပျံသန်းခဲ့သည်။ လေကြောင်း လိုင်းခြေရာခံသည့်Flightrader 24 က လေယာဉ်သည် ဂျပန်ပင်လယ် အတွင်း၌ ဒုံးကျည်ဆင်းသက်ခဲ့သည်ဟု ယူဆရသည့် အချိန်လောက်တွင် ပင်လယ်ရေမျက်နှာပြင်အထက် အမြင့် ပေ ၃ဝဝဝဝ ခန့်၌ မြောက်ဘက်စူးစူးသို့ဦး တည်ပျံသန်းသွားခဲ့ကြောင်း ပြောခဲ့သည်။
မြောက်ကိုရီးယားနိုင်ငံသည် ¤င်း၏ဒုတိယမြောက်တိုက်ချင်းပစ်ဒုံးကျည် စမ်းသပ်မှုအောင်မြင်ကြောင်း ပြီးခဲ့သည့် စနေနေ့ကကြေညာခဲ့သည်။ အမေရိကန် ကာကွယ်ရေးဌာနပြောရေးဆိုခွင့်ရှိသူ ဂျက်ဖ်ဒေးဗစ်က စီးပွားရေးလုပ်ငန်းသုံးလေယာဉ်များ၊သင်္ဘောများနှင့် အာကာ သယာဉ်များအား ဒုံးကျည်စမ်းသပ်မှု ကြောင့်ဖြစ်ပွားနိုင်သည့် အ္တရာယ်များကို တနင်္လာနေ့တွင် သတိပေးခဲ့သည်။
(အင်န်အိတ်ခ်ျကေ)

No comments:

Post a Comment