Wednesday, August 30, 2017

အကြမ်းဖက်သမားတွေက အနက်ရောင်ဝတ်စုံတွေဝတ်ပြီး ရုပ်ဖျက်ထားကြပေမယ့်ဒီဒေသကလူတွေဆိုတာကို အတူနေလာကြတာဖြစ်တဲ့အတွက် ကျွန်မတို့သိနေတယ်

Image may contain: 3 people, people standing
ရခိုင် သြဂုတ် ၂၉
ရခိုင်ပြည်နယ် မောင်တောဒေသတွင် သြဂုတ် ၂၅ ရက် နံနက်ပိုင်းက ဖြစ်ပွားခဲ့သည့် ARSA အစွန်းရောက် အကြမ်းဖက်သမားများ၏ အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ် ကြောင့် နေရပ်စွန့်ခွာထွက်ပြေးလာကြသည့် ဒေသခံ တိုင်းရင်းသားများသည် သြဂုတ် ၂၈ ရက်မှ စတင်၍ စစ်တွေမြို့သို့ ရေယာဉ်များဖြင့် ဝင်ရောက်လျက်ရှိသည်။
အဆိုပါနေရပ်စွန့်ခွာလာကြသူများကို လတ်တလော တွင် စစ်တွေမြို့ရှိ ဓမ္မရာမ ဘုန်းတော်ကြီးကျောင်းနှင့် ကောဝိဒဘုန်းတော်ကြီးကျောင်းများတွင် လက်ခံ စောင့်ရှောက်ပေးထားကြောင်း သိရသဖြင့် ၎င်းတို့တွေ့ကြုံ ခံစားရသည့်အခက်အခဲများနှင့် ခံစားချက်များကို သွားရောက် တွေ့ဆုံမေးမြန်းခဲ့သည်-
ဒေါ်အေးအေးညွန့် (ဒေသခံ)
မောရဝတီကျေးရွာ မောင်တောမြို့နယ်
သြဂုတ် ၂၄ ရက်ညက စဖြစ်ကတည်းက ယခုအချိန် အထိ ကောင်းကောင်းလည်း မအိပ်ရ၊ မစားရနဲ့ အတော့်ကို ဒုက္ခရောက်ခဲ့ရပါတယ်။ ကိုယ့်ဒေသကို မစွန့်ခွာချင်ပေမယ့် လုံးဝ နေလို့မရတော့လို့ အခုလိုထွက်လာခဲ့ရတာပါ။ အခု ဒီရောက်တော့မှပဲ ကိုယ့်အသက်အန္တရာယ်အတွက် စိတ်အေးသွားရတယ်။ ကျွန်မတို့နဲ့အတူ လူအယောက် ၅ဝ လောက်ပါလာတယ်။ သြဂုတ် ၂၈ ရက် မွန်းလွဲပိုင်း လောက်က ရွာကနေစထွက်လာတယ်။ သြဂုတ် ၂၉ ရက် မနက် ၄ နာရီလောက်မှာ စစ်တွေကိုရောက်တယ်။ ကျွန်မတို့ကို ငါးဖမ်းစက်လှေတစ်စင်းက အခမဲ့ခေါ်လာတာ ဖြစ်ပါတယ်။
အကြမ်းဖက်သမားတွေက တွေ့တဲ့သူတိုင်းကို လိုက်ပစ်ကြတယ်။ သူတို့မှာ သေနတ်တွေ၊ ဗုံးတွေအပြည့် အစုံရှိတယ်။ မိုင်းတွေကို နေရာအနှံ့ထောင်ပြီး ဖောက်ခွဲ တယ်။ အကြမ်းဖက်သမားတွေက အနက်ရောင်ဝတ်စုံတွေ ဝတ်ပြီး ရုပ်ဖျက်ထားကြပေမယ့် အခြားနိုင်ငံက လာတဲ့သူ တွေမဖြစ်နိုင်ဘူး။ ဒီဒေသက လူတွေဆိုတာကို အတူနေလာ ကြတာဖြစ်တဲ့အတွက် ကျွန်မတို့ကသိနေတယ်။ ကျွန်မတို့ အနီးအနားရှိ ရွာတွေမှာလည်း သေကျေ၊ ထိခိုက်ဒဏ်ရာ ရသူတွေ တော်တော်များနေပြီ။
အကုန်လုံးက ရွာကိုစွန့်ပြီး လာချင်ကြပေမယ့် ကားမရှိလို့ မလာနိုင်ကြဘူး။ အခုထွက်လာကြတဲ့ မိသားစု တွေ အားလုံးက ယောက်ျားတစ်ယောက်စီလောက်ပဲ အိမ်မှာထားခဲ့ပြီး အကုန်ထွက်ပြေးလာတဲ့ သူတွေချည်းပါပဲ။ အခု ဒီဒေသမှာရှိတဲ့ တိုင်းရင်းသားလူမျိုးတွေ အတော်ဒုက္ခ ရောက်နေကြပါတယ်။ ထမင်းနပ်မှန်အောင် မစားရတဲ့သူ တွေ အများကြီးပါ။ ဒီတစ်ခါ ခံစားရတာ တော်တော်ဆိုးပါ တယ်။ ကျွန်မတို့ဒေသကို အေးအေးချမ်းချမ်းဖြစ်အောင် အမြန်ဆုံးပြန်လုပ်ပေးစေချင်ပါတယ်။
ဦးစံမောင်သိန်း(အုပ်ချုပ်ရေးမှူးဟောင်း)
ဝေသာလီကျေးရွာ မောင်တောမြို့နယ်
ကျွန်တော်တို့အတွက် ဆင်းရဲတာ၊ ချမ်းသာတာက ကိစ္စမရှိပေမယ့် အသက်အန္တရာယ် စိတ်မချရတော့လို့ မထွက်လာချင်လည်း အခုလိုပဲ နေရပ်စွန့်ခွာပြီး ထွက်လာခဲ့ ရတာပါ။ ဒီလိုဖြစ်စဉ်မျိုးတွေ ပြီးခဲ့တဲ့ ၂ဝ၁၂ နဲ့ ၂ဝ၁၆ ခုနှစ်တုန်းကလည်း ကြုံခဲ့ရပေမယ့် ဒီတစ်ကြိမ်ဖြစ်တာက လက်နက်တွေနဲ့ အကြမ်းဖက်သတ်ဖြတ်ကြတာတွေဆိုတော့ အင်မတန် ကြောက်စရာကောင်းပါတယ်။ ရွာအနီးအနားမှာ နေ့စဉ် ဗုံးပေါက်ကွဲသံတွေ၊ သေနတ်သံတွေကို အမြဲလိုလို ကြားနေရတယ်။ အခုကျွန်တော်တို့ ကျေးရွာကအယောက် ၂ဝ လောက် ထွက်ပြေးလာခဲ့ကြပါတယ်။
စစ်တွေကိုရောက်ဖို့ ရွာကနေ လေးမိုင်မှာ တစ်ရက်နား၊ ဘူးသီးတောင်မှာ နှစ်ညအိပ်ပြီးမှ ရောက်လာခဲ့ခြင်းဖြစ်ပါ တယ်။ ရွာကိုစွန့်ပြီး လာချင်နေကြတဲ့သူတွေ အများကြီးရှိ နေပါတယ်။ ထပ်ပြီးလည်း လာနေကြပါတယ်။ အရင် တစ်ကြိမ် အကြမ်းဖက်မှုတွေမှာ ထွက်မပြေးခဲ့ပေမယ့် ဒီတစ်ခါတော့ ကိုယ့်ရပ်ရွာကို စွန့်ပြီးထွက်လာခဲ့ရပါတယ်။ ကျွန်တော်တို့ကတော့ ဖြစ်နိုင်ရင် အမြန်ဆုံးကိုယ့်ဒေသကို ပြန်ချင်တဲ့အတွက် လုံခြုံမှုအပြည့်အဝနဲ့ အေးအေးချမ်းချမ်း ပြန်ဖြစ်အောင် လုပ်ပေးကြဖို့တောင်းဆိုပါတယ်။
မောင်သာအောင် (ဒဏ်ရာရသူဒေသခံ)
သာယာကုန်းကျေးရွာ မောင်တောမြို့နယ်
ကျွန်တော်တို့ရွာကို အစွန်းရောက်အကြမ်းဖက် သမားတွေက အလုံးအရင်းနဲ့ အုပ်စုလိုက် တက်လာကြလို့ ကာကွယ်နေရင်း သူတို့ပစ်လိုက်တဲ့မြားက ကျွန်တော် ခြေထောက်ကို ထိမှန်ဖောက်ထွက်သွားတယ်။ အဲဒီချိန်မှာ ကျေးရွာကလူတွေက အုပ်စုလိုက်ဝိုင်းပြီးလိုက်တော့ အကြမ်းဖက်သမားတွေလည်း ထွက်ပြေးသွားကြတယ်။ အကြမ်းဖက်သမားဦးရေက ရာနဲ့ချီပြီး ရှိမယ်လို့ထင်ပါ တယ်။ သူတို့မှာ ကလေးငယ်တွေလည်းပါလာတဲ့အတွက် အနီးအနားရွာတွေကသူတွေ ဖြစ်နိုင်ပါတယ်။ မတရား အနိုင်ကျင့်ခံရတာကို ကျွန်တော်မကျေနပ်ဘူး။ ဒေသကို စွန့်ပြီးလည်း မလာချင်ပါဘူး။ အခုဒီကိုလာတဲ့ လမ်းတစ် လျှောက်မှာလည်း ကားမရ၊ သင်္ဘောလည်းမရှိလို့ လာချင် ပေမယ့် မလာနိုင်တဲ့သူတွေ အများကြီးရှိနေတာကို တွေ့ခဲ့ ရတယ်။
ဦးအောင်ဌေး(စစ်တွေ ဒေသခံ)
အနောက်တံခါးဒေသကူညီစောင့်ရှောက်မှုအဖွဲ့
စစ်တွေကို ရောက်လာကြတဲ့ မောင်တောက နေရပ် စွန့်ခွာထွက်ပြေးလာသူတွေကို သြဂုတ် ၂၈ ရက်လောက်က နေ ကျွန်တော်တို့ ကိုယ်ချင်းစာနာစိတ်နဲ့ စတင်လက်ခံ စောင့်ရှောက်ပေးတာပါ။ ဖြစ်စဉ်ဖြစ်ပွားချိန်မှာ မောင်တော- ဘူးသီးတောင်လမ်းကို ခေတ္တပိတ်ထားလိုက်တော့ သူတို့ မလာရဘဲ အဲဒီမှာတင် သောင်တင်နေကြတယ်။ မနေ့ကမှ မောင်တော-ဘူးသီးတောင်လမ်းကို စတင်ဖွင့်လိုက်တဲ့အချိန် မှာ အခုလို စုပြုံပြီးရောက်ရှိလာကြတာ ဖြစ်ပါတယ်။ တချို့လည်း ဒီဘက်နယ်တွေကသွားပြီး မောင်တောဒေသခံ မဟုတ်ဘဲ ပိတ်မိနေကြတဲ့ အစိုးရဝန်ထမ်းတွေ၊ ဆွေမျိုးတွေ ဆီသွားလည်တဲ့သူတွေ ရှိတယ်။ သူတို့ကတော့ ဒီကိုပြန်လာ ပြီး ဆွေမျိုးအသိုင်းအဝိုင်းတွေဆီကို ပြန်သွားကြ တယ်။
အခု ရောက်ရှိနေတဲ့ သူတွေကတော့ အဲဒီဘက်က ဒေသခံတိုင်းရင်းသားတွေဖြစ်ပါတယ်။ သူတို့နေရာမှာ မနေရဲကြတော့တဲ့အတွက် စစ်တွေကို ခေတ္တရှောင်လာတဲ့ သဘောဖြစ်ပါတယ်။ အရင်တစ်ခါလည်း ဒီလိုမျိုးတွေ ကြုံပြီးပြီ။ ကျွန်တော်တို့ဒေသခံတွေအနေနဲ့ ပြီးခဲ့တဲ့ ၂ဝ၁၆ ခုနှစ် အောက်တိုဘာလ အကြမ်းဖက်မှု ဖြစ်ပွားပြီးနောက်ပိုင်း မှာကတည်းက တော်တော်လေးကို အထိတ်တလန့်ဖြစ်ခဲ့ပြီး ပြီ။ အခုတစ်ခါမှာ အရင်ကထွက်ပြေးလာတဲ့သူတွေတောင် ပါတယ်။ ဒေသခံတိုင်းရင်းသားတွေအနေနဲ့ တစ်ခါမဟုတ်၊ နှစ်ခါမဟုတ်ဖြစ်နေလို့ သူတို့ရဲ့စိတ်တွေကလည်း ဟိုမှာ ထားခဲ့ရတဲ့ ကျွဲ၊ နွားတွေ၊ သိုလှောင်ထားတဲ့ စပါးတွေရှိတဲ့ အတွက်လည်း သူတို့မှာ စိတ်သောကတွေ တော်တော်ခံစား နေရတယ်။ ပြီးတော့ ကလေးတွေလည်း ကျောင်းတွေ ပိတ်ထားတော့ စာမသင်ရဘူး။
အချို့ထွက်ပြေးတိမ်းရှောင်လာရင်း ဒီမှာပဲ မီးဖွား သွားကြတဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေလည်း ရှိခဲ့ တယ်။ အဲဒီလိုမျိုးတွေမြင်ရတော့ ကျွန်တော်တို့လည်း စိတ်မကောင်းဘူး။ ဒါကြောင့် သူတို့ရောက်လာတဲ့အချိန်မှာ သူတို့ရဲ့စိတ်သဘောကို မြှင့်တင်ပေးတဲ့သဘောနဲ့ စားရေး သောက်ရေးကအစ ကျွေးမွေးစောင့်ရှောက်ပေးထားပါ တယ်။ အခုကျွန်တော်တို့ စစ်တွေမှာဆို ဓမ္မရာမဘုန်းတော် ကြီးကျောင်းရယ်၊ နောက်ထပ် ကောဝိဒဘုန်းတော်ကြီး ကျောင်းမှာရယ် ကျွန်တော်တို့စောင့်ရှောက်ပေးထားပါ တယ်။
နောက်ထပ်လည်း နေရပ်စွန့်ခွာလာသူတွေ ဆက်တိုက်ဝင်လာဦးမယ်လို့ သတင်းရတယ်။ ဒီနေရာ လောက်နဲ့မလုံလောက်ဘူး။ နေစရာအပြင် သူတို့ရဲ့ စားဝတ်နေရေး၊ ကျန်းမာရေးကိစ္စတွေ ဘယ်လိုစီစဉ်ပေး ရမလဲဆိုတာတွေကို သက်ဆိုင်ရာအစိုးရတာဝန်ရှိသူတွေ ဆီ တင်ပြတောင်းဆိုသွားမယ်။ ဒီမှာရှိတဲ့ လူမှုရေးအဖွဲ့တွေ နဲ့လည်း လှမ်းချိတ်ဆက်ထားတယ်။ သူတို့ကို ဘုန်းတော်ကြီး ကျောင်းမှာမဟုတ်ဘဲIDP စခန်းတစ်ခုအနေနဲ့ ဘယ်လို ဆောင်ရွက်ပေးသွားမလဲဆိုတာတွေလည်း တင်ပြသွား မယ်။
ကျွန်တော်တို့ ဒေသခံတွေက အဲဒီလိုမျိုးတွေ အမျိုးမျိုးကြုံတွေ့လာတဲ့အတွက်ကြောင့် အစိုးရပိုင်းရော၊ တပ်မတော်ပိုင်းရော၊ လုံခြုံရေးပိုင်းရော အကုန်လုံး တာဝန်ရှိ သူတွေကို ဒီပြဿနာတွေ အမြန်ဆုံးပြေလည်အောင်၊ နောက်နောင် အခုလို့မလုပ်ရဲအောင် ဆောင်ရွက်ပေးဖို့ တိုက်တွန်းချင်ပါတယ်။
စစ်တွေမြို့ရှိ ယာယီကယ်ဆယ်ရေးဘုန်းကြီးကျောင်း နှစ်ကျောင်းသို့ မောင်တောဒေသမှ နေရပ်စွန့်ခွာထွက်ပြေး လာကြသည့် ဒေသခံတိုင်းရင်းသား ဦးရေမှာ သြဂုတ် ၂၉ ရက်အထိ ၃ဝဝ ခန့်ရှိပြီး ကလေး ၂ဝ ခန့်ကြောင်း သိရသည်။ တွေ့ဆုံမေးမြန်း-မင်းထက်အောင်၊
တင်မောင်လွင်၊ ဓာတ်ပုံ-ဝင်းမင်းစိုး(ပြန်/ဆက်)

No comments:

Post a Comment