Wednesday, August 30, 2017

သာစည်မြို့နယ်တွင် စိတ်ကြွမူးယစ်ဆေးပြား တစ်သိန်းနှင့်ICE ပုံဆောင်ခဲများ သိမ်းဆည်းရမိ

Image may contain: one or more people
သာစည် သြဂုတ် ၂၉
မန္တလေးတိုင်းဒေသကြီး သာစည်မြို့တွင် မူးယစ်တပ်ဖွဲ့စု (၁၈) မန္တလေးတောင် ပိုင်းမှ ရဲအုပ်တင်ထွန်းလင်းအောင်နှင့် မြို့နယ်ရဲတပ်ဖွဲ့ဝင်များက မူးယစ် ဆေးပြား တစ်သိန်းနှင့် ICE ပုံဆောင်ခဲများ သိမ်းဆည်းရမိခဲ့ကြောင်း သိရ သည်။
ဖြစ်စဉ်မှာ သြဂုတ် ၂၈ ရက် နံနက် ၁ နာရီခွဲခန့်က သာစည်မြို့နယ် ကျွဲတပ်ဆုံတိုးဂိတ်အနီး၌ တောင်ကြီး-မိတ္ထီလာသွားကားလမ်းပေါ်တွင် ယာဉ်များအား ရပ်တန့်စေပြီး စစ်ဆေးရှာဖွေနေစဉ် တောင်ကြီးဘက်မှ မိတ္ထီလာ ဘက်သို့ မောင်းနှင်လာသော အောင်ရတနာ ခရီးသည်ပို့ဆောင်ရေး မော်တော်ယာဉ်၏ နောက်ခန်းတွင် ခရီးသည်အဖြစ် လိုက်ပါစီးနင်းလာသူ မနန်းမိုးဇာ (ခ)မိုဇာ (၄၂) နှစ် စဝ်စံထွန်းရပ်ကွက် တောင်ကြီးမြို့နေသူ၏ လက်ဆွဲအိတ်အတွင်းမှWY စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား တစ်သိန်း (ကာလတန်ဖိုး ငွေကျပ် သိန်း ၃ဝဝဝ ခန့်)၊ ICE အကြည်ရောင်ပုံဆောင်ခဲ သုည ဒသမ ၈၉၈ ကီလိုဂရမ်ခန့် (ကာလတန်ဖိုး ငွေကျပ် ၁၇၉၆ဝဝဝဝ ခန့်)နှင့် ငွေစက္ကူများ၊ လက်ကိုင်ဖုန်း၊ နိုင်ငံကူး(ယာယီ)နယ်စပ်ဖြတ်သန်းလက်မှတ် တစ်စောင်တို့အား ရှာဖွေစစ်ဆေးတွေ့ရှိခဲ့သည်။ ယင်းမူးယစ်ဆေးဝါးများကို နမ့်စန်မြို့နယ် ဟိုယမ်းကျေးရွာနေ မအေး(ခ)ဘုတ်အီးမ(ခ)ဖက်တီးမထံမှ ငွေကျပ် ၁၂ သိန်းဖြင့် သယ်ဆောင်လာခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက် ခဲ့ကြောင်း သိရသည်။
ဖြိုးကိုလင်း(ညောင်ဝိုင်း)

No comments:

Post a Comment