Tuesday, August 29, 2017

ဒုတိယသမ္မတ ဦးမြင့်ဆွေ မြန်မာ့စီးပွားရေးလုပ်ငန်းရှင်များနှင့် နဝမအကြိမ် တွေ့ဆုံဆွေးနွေး

Image may contain: one or more people, crowd and indoor
ရင်းနှီးမြှုပ်နှံမှုများ တိုင်းဒေသကြီး၊ ပြည်နယ်များအလိုက် အချိုးညီညီဝင်ရောက်နိုင်ရန် ဆက်လက်ကြိုးပမ်း

ရန်ကုန် သြဂုတ် ၂၈
ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီသည် မြန်မာ့စီးပွားရေး လုပ်ငန်းရှင်များ၏ အခက်အခဲများနှင့် လိုအပ်ချက်များ အဆင်ပြေချောမွေ့စေ ရန် ရည်ရွယ်ချက်ဖြင့် မြန်မာ့စီးပွားရေး လုပ်ငန်းရှင်များနှင့် နဝမအကြိမ်ပုံမှန် တွေ့ဆုံ ဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီ တွင် ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံကုန်သည် များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) အစည်း အဝေးခန်းမ၌ ကျင်းပရာ ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးမြင့်ဆွေ တက်ရောက် အမှာစကားပြောကြားသည်။
တွေ့ဆုံဆွေးနွေးပွဲသို့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးကျော်ဝင်း၊ ရန်ကုန်တိုင်းဒေသ ကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် တိုင်းဒေသကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ကုန်သည် များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်ဥက္ကဋ္ဌ၊ ဗဟိုအလုပ်အမှု ဆောင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်ရှေးဦးစွာ ဒုတိယသမ္မတက အမှာ စကားပြောကြားရာတွင် ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စီးပွားရေး လုပ်ငန်းရှင်များနှင့် လစဉ်ပုံမှန် တွေ့ဆုံ ဆွေးနွေးပွဲများကို ၂ဝ၁၆ ခုနှစ် ဒီဇင်ဘာ ၁ရက်မှစတင်၍ ကဏ္ဍအလိုက်တွေ့ဆုံ ဆွေးနွေးခဲ့ရာ ယခုအကြိမ်သည် နဝမ အကြိမ်မြောက်ဖြစ်ပါကြောင်း၊ ပြီးခဲ့သည့် အဋ္ဌမအကြိမ်အထိ စီးပွားရေးလုပ်ငန်းရှင် များ၏ အခက်အခဲများနှင့် အကြံပြုတင်ပြ ချက်များအပေါ် သက်ဆိုင်ရာဝန်ကြီးဌာန များ ၊ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရ အဖွဲ့များနှင့် လုပ်ငန်းကော်မတီများက ပြန်လည်ဖြေရှင်းပြန်ကြားခဲ့ရာ အားလုံး ပြန်ကြား ဆောင်ရွက်ပေးခဲ့ပြီးဖြစ်ပါ ကြောင်း၊ အချို့အချက်များမှာ ဝန်ကြီး ဌာန နှစ်ခု/သုံးခုနှင့် ဆက်စပ်နေသဖြင့် အမြန်ဆုံးပြီးပြတ်အောင် ပူးပေါင်းညှိနှိုင်း ဆောင်ရွက်ပေးလျက်ရှိပါကြောင်း။
တစ်လတစ်ကြိမ်ကျင်းပ
ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ၏ အစည်းအဝေးများကို နှစ်လတစ်ကြိမ် ကျင်းပခဲ့ရာ လေးကြိမ် ကျင်းပပြီးဖြစ်ပါကြောင်း၊ မဏ္ဍိုင်(၅) ရပ်ကို တာဝန်ယူထားကြသည့် သက်ဆိုင် ရာလုပ်ငန်းကော်မတီများ၏ အစည်း အဝေးများကိုလည်း တစ်လတစ်ကြိမ် ကျင်းပခဲ့ရာ ၃၈ ကြိမ် ကျင်းပခဲ့ပြီးဖြစ် ပါကြောင်း။
တိုးတက်မှုရှိ
နိုင်ငံတော်က စီးပွားရေးဖွံ့ဖြိုး တိုးတက်ရန် ဘက်စုံကြိုးပမ်းလျက်ရှိရာ လက်ရှိ ဘဏ္ဍာနှစ်အတွင်း ပြည်ပရင်းနှီး မြှုပ်နှံမှုအနေဖြင့် အမေရိကန်ဒေါ်လာ သန်း ၃၅ဝဝ အထိရှိပြီး ယခင်နှစ် ကာလတူ အချိန်တွင် အမေရိကန်ဒေါ်လာသန်း ၄ဝဝ ခန့်သာ ရှိသောကြောင့် ယခင်နှစ် ထက် များစွာတိုးတက်လာသည်ကို တွေ့ရ မည်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုအနေဖြင့် ယခုနှစ်တွင် ငွေ$ ကျပ် ၁၂၇၅ ဘီလီယံနီးပါးရှိပြီး ယခင်နှစ် ကာလတူတွင် ငွေ$ကျပ် ၁ဝ၉ ဘီလီယံသာ ရှိသဖြင့် နှိုင်းယှဉ်ပါက များစွာတိုးတက် မှုရှိနေသည်ကို တွေ့ရမည်ဖြစ်ပါကြောင်း။
တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် ရင်းနှီးမြှုပ်နှံမှုတွင် ရန်ကုန်တိုင်းဒေသ ကြီး ၌ ၈ဝ ရာခိုင်နှုန်း၊ ပဲခူးတိုင်းဒေသကြီး၌ ၁၁ ရာခိုင်နှုန်းရှိသဖြင့် ရန်ကုန်နှင့်အနီး တစ်ဝိုက်ဒေသများတွင်သာ ရင်းနှီးမြှုပ်နှံမှု များ ဝင်ရောက်လာသည်ကို တွေ့ရပါ ကြောင်း၊ ရင်းနှီးမြှုပ်နှံမှုများသည် တိုင်းဒေသကြီး၊ ပြည်နယ်များအလိုက် အချိုးညီညီ မျှမျှတတဝင်ရောက်နိုင်ရန် အတွက် အဘက်ဘက်မှ ဆက်လက် ကြိုးပမ်းဆောင်ရွက်သွားရန် လိုအပ်ပါ ကြောင်း။
ဖွဲ့စည်းတာဝန်ပေး
တိုင်းဒေသကြီး၊ ပြည်နယ်များ တွင် ရင်းနှီးမြှုပ်နှံမှု ကော်မတီများကို လည်း ဖွဲ့စည်းတာဝန်ပေးထားပြီးဖြစ်ရာ ယင်းကော်မတီများအနေဖြင့် ရင်းနှီး မြှုပ်နှံမှုတန်ဖိုး အမေရိကန်ဒေါ်လာ ငါးသန်း သို့မဟုတ် မြန်မာ$ငွေကျပ် သန်း ၆ဝဝဝ အောက် လုပ်ငန်းများကို အတည်ပြုမိန့်ထုတ်ပေးနိုင်ရန်အတွက် လုပ်ဆောင်နေပြီဖြစ်ပါကြောင်း။
ယခုကာလတွင် အိန္ဒိယသမ္မတနိုင်ငံ မှ ပဲတီစိမ်း၊မတ်ပဲနှင့် ပဲစင်းငုံများ တင်သွင်း မှုကို အရေအတွက်ကန့်သတ်လိုက်သဖြင့် ပဲလုပ်ငန်းရှင်များ၏ အခက်အခဲများကို ဖြေရှင်းနိုင်ရန်အတွက် နှစ်နိုင်ငံညှိနှိုင်း ဆောင်ရွက်လျက်ရှိပါကြောင်း။
ယနေ့ အစည်းအဝေးတွင်လည်း ပုဂ္ဂလိကလုပ်ငန်းရှင်များအနေဖြင့် တွေ့ ကြုံနေရသည့်အခက်အခဲများနှင့် အကြံ ပြုချက်များကို ပွင့်လင်းမြင်သာစွာ ဆွေးနွေးကြရန် တိုက်တွန်းလိုပါကြောင်း ပြောကြားသည်။
ရှင်းလင်းပြောကြား
ထို့နောက် စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်း၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းတို့က ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ကဏ္ဍ အလိုက် လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းပြောကြား ကြသည်။
ပေါင်းစပ်ညှိနှိုင်း
ဆက်လက်၍SMES Develop-ment Strategy “Issues & Solutionsျ” ဖိုရမ်၊ မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်၊ မြန်မာစီးပွားရေး ဖိုရမ် မြေယာလုပ်ငန်းအဖွဲ့၊ မြန်မာနိုင်ငံ ကြိမ်နှင့် ဝါးလုပ်ငန်းရှင်များအသင်း၊ ဧရာဝတီတိုင်းဒေသကြီး ကုန်သည်များ နှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်း၊ ရခိုင်ပြည်နယ်ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း၊ မောင်တောနယ်စပ် ကုန်သွယ်ရေး ကုန်သည်များအသင်း၊ မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်း၊ မြန်မာနိုင်ငံ ကွန်ပျူတာလုပ်ငန်းရှင်များ အသင်းနှင့် တရားဝင်အသိအမှတ်ပြု မော်တော်ယာဉ် ဖြန့်ဖြူးရောင်းချရေး အသင်းတို့မှ တာဝန်ရှိသူများက သက်ဆိုင်ရာလုပ်ငန်းကဏ္ဍများအလိုက် ¤င်းတို့ တွေ့ကြုံနေရသည့် အခက်အခဲ များ၊ လုပ်ငန်းများ ပိုမိုလွယ်ကူချောမွေ့ အဆင်ပြေစေရေးအတွက် ဆွေးနွေး တင်ပြကြရာ ဒုတိယသမ္မတ၊ ပြည်ထောင်စု ဝန်ကြီး၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ပေါင်းစပ်ညှိနှိုင်းဖြေရှင်းပေးသည်။
ယင်းနောက် ဒုတိယသမ္မတ ဦးမြင့်ဆွေက နိဂုံးချုပ်အမှာစကား ပြောကြားပြီး တွေ့ဆုံဆွေးနွေးပွဲကို ရုပ်သိမ်းလိုက်သည်။ (သတင်းစဉ်)

No comments:

Post a Comment