Tuesday, August 29, 2017

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား ထိုင်းဘုရင့်တပ်မတော်က ဂုဏ်ပြုတပ်ဖွဲ့ဖြင့်ကြိုဆို


 

နေပြည်တော် သြဂုတ် ၂၈
ထိုင်းနိုင်ငံ၌ကျင်းပမည့် ပဉ္စမအကြိမ်မြောက် ထိုင်း-မြန်မာ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေး 5th Thailand-Myanmar High Level Committee Meeting တက်ရောက်ရန် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာ့တပ်မတော်ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထိုင်းနိုင်ငံသို့ ထွက်ခွာသွားသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဦးဆောင်သည့် မြန်မာ့တပ်မတော်ကိုယ်စား လှယ်အဖွဲ့တွင် အဖွဲ့ဝင်များအဖြစ် ဇနီးဒေါ်ကြူကြူလှနှင့် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ အဖွဲ့ဝင်အဖြစ် လိုက်ပါသွားကြသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ထိုင်းနိုင်ငံ Khon Kaen လေဆိပ်သို့ ရောက်ရှိကြရာKhon Kaen ပြည်နယ်အုပ်ချုပ်ရေးမှူးMr. Pongsak Preechawit နှင့်ဇနီး၊ ထိုင်းဘုရင့်တပ်မတော်ထောက်လှမ်းရေးမှူးချုပ် Lt.Gen.Thiwa Penket Gorn နှင့်ဇနီး၊ အမှတ်(၃)စစ်တိုင်းမှူးLt.Gen. Vijak Siribunsop နှင့်ဇနီး၊ ထိုင်းဘုရင့်တပ်မတော်အရာရှိကြီးများ၊ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာစစ်သံ(ကြည်း၊ ရေ၊ လေ) ဗိုလ်မှူးချုပ် ခင်ဇော်နှင့် တာဝန်ရှိသူများက လေဆိပ် တွင် ကြိုဆိုနှုတ်ဆက်ကြသည်။ ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် ထိုင်းဘုရင့်တပ်မတော် ဂုဏ်ပြုတပ်ဖွဲ့၏အလေးပြုခြင်းကို ခံယူသည်။
အဆိုပါခရီးစဉ်အတွင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် နှစ်စဉ်ကျင်းပ သည့် ထိုင်း-မြန်မာ အဆင့်မြင့်အရာရှိကြီးများအစည်းအဝေးသို့ တက်ရောက်ခြင်း၊ ထိုင်းနိုင်ငံရှိ အစိုးရအဖွဲ့အကြီးအကဲများနှင့် တပ်မတော်ခေါင်းဆောင်များအား သီးခြားစီ တွေ့ဆုံ၍ နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ် ဦးဆောင်သောအဖွဲ့ဝင်များသည် သြဂုတ် ၂၄ ရက်တွင် ထိုင်းနိုင်ငံသို့ ကြိုတင်ထွက်ခွာသွားကြပြီး လုပ်ငန်းညှိနှိုင်းအစည်းအဝေးများ ဆောင် ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)

No comments:

Post a Comment