Tuesday, August 29, 2017

၂ဝ၁၆ ခုနှစ် ပုဂံဒေသငလျင်လှုပ်ခတ်ခြင်း တစ်နှစ်ပြည့်အထိမ်းအမှတ်အဖြစ် နည်းပညာဆိုင်ရာ လုပ်ငန်းညှိနှိုင်းဆောင်ရွက်ရေးဖိုရမ် ကျင်းပ

Image may contain: 2 people, people sitting, table and indoor

ပုဂံ သြဂုတ် ၂၈
ပုဂံဒေသတွင် ၂ဝ၁၆ ခုနှစ် သြဂုတ် ၂၄ ရက်က လှုပ်ခတ်ခဲ့သည့် ငလျင်တစ်နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ငလျင်အလွန် ပြန်လည်ပြုပြင်ထိန်းသိမ်းမှု လုပ်ငန်းဆောင်ရွက်ခဲ့သည့် နည်းပညာဆိုင်ရာ လုပ်ငန်းညှိနှိုင်းမှုဖိုရမ် (Technical Coordination Forum) ကို ပုဂံရှေးဟောင်းသုတေသန ပြတိုက်၌ ယမန်နေ့ နံနက် ၉ နာရီခွဲက ကျင်းပသည်။
အခမ်းအနားတွင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုနှင့် မ္တလေးတိုင်း ဒေသကြီး စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမြတ်သူတို့က အမှာစကားပြောကြားပြီး မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယ သံအမတ်ကြီး၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ သံမှူးကြီးနှင့်UNESCOရန်ကုန်ရုံး တာဝန်ခံတို့က နှုတ်ခွန်းဆက်စကားများ ပြောကြားကြသည်။
ဆက်လက်၍ ရှေးဟောင်းသုတေသနနှင့် အမျိုးသား ပြတိုက်ဦးစီးဌာန òန်ကြားရေးမှူးချုပ်က ငလျင်ကြောင့် ထိခိုက်ပျက်စီးမှုများကို ပြင်ဆင်ထိန်းသိမ်းမှုများနှင့် ပတ်သက်၍ တစ်နှစ်အတွင်း ဆောင်ရွက်ခဲ့မှု၊ အကြံပေးအဖွဲ့ကိုယ်စား ဒေါက်တာအောင်ကျော်မြတ်က အကြံပေးအဖွဲ့၏ ကြီးကြပ်ပေး မှုနှင့် ဆက်လက်ဆောင်ရွက်ရန် အကြံပြုချက်များ၊ မြန်မာနိုင်ငံ ငလျင်ကော်မတီဥက္ကဋ္ဌ ဦးညွန့်မောင်စန်းနှင့် ဒုတိယဥက္ကဋ္ဌ ဒေါက်တာမျိုးသန့်တို့က ငလျင်ကြိုတင်ကာကွယ်နိုင်ရန်အတွက် အနာဂတ်တွင် ဖြစ်လာနိုင်သော ငလျင်အချက်အလက်များနှင့် အ္တရာယ်ရှိသောနေရာများ မြေပုံရေးဆွဲခြင်းနှင့် လေ့လာ သုတေသနပြုနေမှုများ၊ မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်း ကိုယ်စား အမှုဆောင် ဦးစောထွေးဇော်က အသင်း၏ စစ်ဆေး အကြံပြုမှုနှင့် လုပ်ငန်းဆောင်ရွက်မှု ၊UNESCO ၏ ပြင်ပ ပညာရှင်များဖြစ်သောMr. Pierre Pichard ? Mr. Predrag Gavrilovic်နှင့် Mr. Rodolfo Lujun တို့က ၄င်းတို့ ကျွမ်းကျင်မှုနယ်ပယ်အလိုက် ကွင်းဆင်းလေ့လာတွေ့ရှိချက် များ၊ ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းစဉ်များနှင့် အကြံပြုချက်များ၊ လေကြောင်း/အာကာသတက္ကသိုလ်၊Technical Support Team (TST) တို့က ပုဂံငလျင်အလွန်ကာလတွင် ပြန်လည် ပြုပြင်ထိန်းသိမ်းရန်လုပ်ငန်းများ၌ ပါဝင်ကူညီဆောင်ရွက်မှုများ၊ ပရဟိတအဖွဲ့များက ငလျင်အလွန် ပြင်ဆင်ထိန်းသိမ်းရေး လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခဲ့မှုများ ရှင်းလင်းတင်ပြ ကြသည်။
ဆက်လက်၍ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီး စီမံကိန်းနှင့် ဘဏ္ဍာ ရေးဝန်ကြီးတို့က ငလျင်ဒဏ်ခံဘုရား ပြန်လည်ထိန်းသိမ်းရေး အရေးပေါ်ကာလတွင် ပါဝင်လုပ်အားပေးခဲ့သည့် ပရဟိတ အဖွဲ့အစည်းများကို ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်သည်။
ထို့နောက် ညောင်ဦးခရိုင် ဒုတိယခရိုင်အုပ်ချုပ်ရေးမှူးက ငလျင်ဒဏ်ခံဘုရားပုထိုးများ ပြုပြင်ရေး အလှူငွေလက်ခံရရှိ မှုများနှင့် လုပ်ငန်းဆောင်ရွက်မှုများ ၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ဒုတိယòန်ကြားရေးမှူး ဦးစိုးစိုးလင်းက ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်း ဆောင်ရွက်မှုများ၊ ဆောက်လုပ်ရေး ဝန်ကြီးဌာန အဆောက်အအုံအထူးအဖွဲ့ (၇) လက်ထောက်òန်ကြားရေးမှူး ဦးလှမိုးဇော်က ပြုပြင် ထိန်းသိမ်းရေးလုပ်ငန်းဆောင်ရွက်ပြီးစီးမှုများ၊ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ ထိုင်းနိုင်ငံ၊ ကိုရီးယားသမ္မတနိုင်ငံတို့မှ ကိုယ်စားလှယ်များက နိုင်ငံတကာအကူအညီဖြင့် ပူးပေါင်း ဆောင်ရွက်မည့်ကိစ္စများ ဆွေးနွေးကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက ဆွေးနွေးချက်များနှင့် ပတ်သက်၍ ဆုံးဖြတ်ချက်များချမှတ်ကာ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။ (သတင်းစဉ်)

No comments:

Post a Comment