Wednesday, August 30, 2017

မြောက်ကိုရီးယားက ပစ်ခတ်လိုက်သည့်ဒုံးကျည် ဂျပန်အရှေ့ ပိုင်းသို့ ကျရောက်

No automatic alt text available.

တိုကျို သြဂုတ် ၂၉
မြောက်ကိုရီးယားသည် ဂျပန်နိုင်ငံမြောက်ပိုင်းရှိ ဟော့ကိုင်းဒိုးကျွန်းကိုကျော်၍ ဒုံးကျည်တစ်စင်းကို ပစ်ခတ်ခဲ့ကြောင်း သိရသည်။
မြောက်ကိုရီးယားက ပစ်လွှတ်လိုက်သည့်ဒုံးကျည်သည် တာလတ်အဆင့်ရှိ တိုက်ချင်းပစ်ဒုံးကျည်ဖြစ်နိုင်သည်ဟု ဂျပန်အစိုးရက ပြောကြားခဲ့သည်။
တောင်ကိုရီးယားတပ်မတော်ကမူ အဆိုပါဒုံးကျည်သည် ပင်လယ်ရေမျက်နှာပြင်အထက်အမြင့်ပေ ၅၅ဝကီလိုမီတာခန့်အထိ ရောက်ရှိခဲ့ပြီး ကီလိုမီတာ ၂၇ဝဝအကွာအဝေးအထိ ပျံသန်းခဲ့သည်ဟု ဆိုသည်။
ဒုံးကျည်ကိုပြုံယမ်းနိုင်ငံတကာလေဆိပ်အနီးမှ ပစ်ခတ်လိုက်ခြင်းဖြစ်သည်ဟု တောင်ကိုရီးယားက ယူဆခဲ့သည်။ အမေရိကန်က မြောက်ကိုရီးယားနိုင်ငံအပေါ် သတိပေးမှုများ ပိုမိုလုပ်ဆောင်လာပြီးနောက်တွင် အမေရိကန်ပြည်ထောင်စုနှင့် မြောက်ကိုရီးယား နိုင်ငံအကြားတင်းမာမှုများ အရှိန်မြင့်သထက်မြင့်လာခဲ့သည်။
ထို့ထက်ပိုဆိုးသည်မှာ အမေရိကန်နှင့်တောင်ကိုရီးယားတပ်ဖွဲ့များက ပူးတွဲစစ်ရေးလေ့ကျင့်မှုများကို လုပ်ဆောင်လာခြင်းက မြောက်ကိုရီးယားကိုပို၍ ဒေါသထွက်စေခဲ့သည်။ ပူးတွဲစစ်ရေးလေ့ကျင့်မှုကို ပြီးခဲ့သည့်ရက်သတ္တပတ်က စတင်လုပ်ဆောင်ခဲ့ပြီး လာမည့်ကြာသပတေးနေ့အထိ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
(ရိုက်တာ)

No comments:

Post a Comment