Tuesday, August 1, 2017

ကျောသားရင်သားမခွဲခြားဘဲ ပြည်သူများကို ပွင့်လင်းမြင်သာစွာဆက်ဆံ

Image may contain: 1 person, standing, plant, outdoor and nature
မယ်စဲ့ ဇူလိုင် ၃၁
ကယားပြည်နယ် မယ်စဲ့မြို့နယ်၌ မြို့အင်္ဂါရပ်နှင့်အညီ မြို့တွင်းလမ်းများ သန့်ရှင်းသာယာလှပရေး စနစ်တကျအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုသည် မယ်စဲ့မြို့နယ်အုပ်ချုပ်ရေးမှူးဦးမျိုးသန့်၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့မိမြို့ဖ များလိုက်ပါလျက် ဇူလိုင် ၃ဝ ရက် နံနက် ၈ နာရီက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။
ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တောင်ပိုင်းရပ်ကွက် တပင် ရွှေထီးလမ်းပေါ်ရှိ Box Culvert သုံးခု တည်ဆောက်ခြင်း လုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေ၊ အမာခံ ကျောက် ခင်းခြင်းလုပ်ငန်း၊ ကတ္တရာလမ်းခင်းရန်အတွက် ဆောင် ရွက်မည့်နေရာ၊ ပန်းခြံဆောင်ရွက်မည့်မြေနေရာ၊ လွတ်လပ်ရေးကျောက်တိုင်ပြုလုပ်မည့်မြေနေရာ၊ မြို့တွင်း ရေမြောင်းများစနစ်တကျဖောက်လုပ်နိုင်ရန်လျာထားမှု များကို ကြည့်ရှုစစ်ဆေးခဲ့သည်။
ဆက်လက်ပြီး ပြည်နယ်ဝန်ကြီးချုပ်သည် နံနက် ၁ဝ နာရီတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်း အဝေခန်းမ၌ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဒေသခံပြည်သူ များနှင့်တွေ့ဆုံရာတွင် ဌာနဆိုင်ရာများနှင့်ပြည်သူများ ပူးပေါင်း၍ တက်ညီလက်ညီဆောင်ရွက်ကြရန်၊ ဌာနများ အနေဖြင့် မိမိတို့ ဝန်ကြီးဌာနအလိုက်ဆောင်ရွက်မည့် လုပ်ငန်းများကို ပြည်သူများကိုချပြရန်၊ သို့မှသာပြည်သူများ ၏ယုံကြည်မှုကိုရရှိမည်ဖြစ်ကြောင်း၊ မြေငှားဂရန်၊ လယ်ယာ မြေကိစ္စများ နှင့်ပတ်သက်၍နည်းမှန်လမ်းမှန်ဆောင်ရွက် ကြရန်၊ စစ်မှန်သော ဒီမိုကရေစီစနစ်ကို အကောင်အထည် ဖော်ဆောင်ရွက်ရာ၌ ကျောသားရင်သားမခွဲခြားဘဲ ပြည်သူ များကို ပွင့်လင်းမြင်သာစွာဆက်ဆံမှသာ ပြည်သူများ စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုရှိလာမှာဖြစ်ကြောင်း၊ Mild Set ပြောင်းကြရန်လိုကြောင်း၊ ပြောင်းလဲလာသည့်ခေတ်စနစ် နှင့်အညီ ပြောင်းလဲဖို့လိုအပ်ပါကြောင်းပြောကြားသည်။
ထို့နောက် မြို့နယ်အုပ်ချုပ်ရေးမှူးဦးမျိုးသန့်က မယ်စဲ့ မြို့ကို မြို့အင်္ဂါရပ်နှင့်အညီ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ဆောင်ရွက်လိုသည့်ဖွံ့ဖြိုးရေးလုပ်ငန်းများကိုတင်ပြဆွေးနွေးပြီး ဌာနဆိုင်ရာတာဝန်ရှိသူများကမိမိတို့ဌာနအလိုက် အကောင်အထည်ဖော်ဆောင်ရွက်နေသောလုပ်ငန်းများကိုတင်ပြဆွေးနွေးရာ ပြည်နယ်ဝန်ကြီးချုပ်က ဌာနများ၏လိုအပ်ချက်များကို ဖြည့်စွက်ဆွေးနွေးလမ်းညွှန်မှာကြားခဲ့သည်။
ယင်းနောက် တက်ရောက်လာသောဒေသခံပြည်သူ များက ဒေသ၏လိုအပ်ချက်များကို တင်ပြဆွေးနွေးကြရာ ဝန်ကြီးချုပ်က ပြည်နယ်အစိုးရအဖွဲ့အနေဖြင့်ဆောင်ရွက် ပေးနိုင်မည့်လုပ်ငန်းများကို ဆွေးနွေးပြောကြားပြီး သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
ဝတ်ရည်(ပြန်/ဆက်)

No comments:

Post a Comment