Tuesday, August 1, 2017

တောင်းဆိုချက်များ လိုက်လျောပေးမည်ဆိုပါက ကာတာနှင့်ဆွေးနွေးမည်ဟု အာရပ်လေးနိုင်ငံပြော

Image may contain: 3 people, people standing and text
မနားမား ဇူလိုင် ၃၁
မိမိတို့၏ တောင်းဆိုချက်များကို လိုက်လျော ဆောင်ရွက်ရန် ကာတာနိုင်ငံက လိုလိုလားလား ရှိမည်ဆိုပါက မိမိတို့အနေဖြင့် ယင်းနိုင်ငံနှင့် ဆွေးနွေးရန် အသင့်ရှိကြောင်း အာရပ် လေးနိုင်ငံက ပြောကြားလိုက်သည်။
တွေ့ဆုံ
ဘာရိန်း၊ ဆော်ဒီအာရေဗျ၊ အီဂျစ်နှင့် အာရပ်စော်ဘွားများပြည်ထောင်စု(ယူအေအီး) နိုင်ငံတို့မှ နိုင်ငံခြားရေးဝန်ကြီးများသည် ကာတာနိုင်ငံ အရေးနှင့်ပတ်သက်၍ ဆွေးနွေး ကြရန် ဘာရိန်းနိုင်ငံမြို့တော် မနားမား၌ ဇူလိုင် ၃ဝ ရက်က တွေ့ဆုံခဲ့ကြသည်။
ကာတာနိုင်ငံအား အထီးကျန်ထားရှိရန် အာရပ်နိုင်ငံလေးနိုင်ငံတို့က အရေးယူ ဒဏ်ခတ်မှု ပြုလုပ်ရာမှ ပေါ်ပေါက်ခဲ့သည့် ဒေသဆိုင်ရာ ပဋိပက္ခအဆုံးသတ်စေရေး အတွက် အနောက်တိုင်းနိုင်ငံများ၏ ထောက်ခံမှုနှင့်အတူ ကူဝိတ်နိုင်ငံက သံတမန်ရေးအရ ညှိနှိုင်းဆောင်ရွက်ပေးခဲ့သော်လည်း အောင် မြင်မှု မရရှိခဲ့ပေ။
သဘောတူ
အကြမ်းဖက်မှုများအား ထောက်ခံအားပေးသည့် ရန်ပုံငွေထောက်ပံ့ပေးမှုကို အဆုံးသတ်ရန် ကာတာနိုင်ငံက ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ကာတာနိုင်ငံသည် အခြားနိုင်ငံများ၏ ပြည်တွင်းရေးကိစ္စရပ်များတွင် ကြားဝင်စွက်ဖက်မှုမပြုရန် လိုအပ်ကြောင်း၊ မိမိတို့၏ အချက် ၁၃ ချက်ပါ တောင်းဆိုချက် များကို ကာတာနိုင်ငံဘက်မှ လိုက်လျောပေး မည်ဆိုပါက ယင်းနိုင်ငံနှင့် ဆွေးနွေးမည် ဖြစ်ကြောင်း အာရပ်လေးနိုင်ငံ၏ နိုင်ငံခြားရေး ဝန်ကြီးများအစည်းအဝေးတွင် သဘောတူညီ ခဲ့ကြသည်။
တောင်းဆို
အီဂျစ်နိုင်ငံ၏ မွတ်စလင်ညီနောင်သားချင်းများအဖွဲ့ကို ထောက်ခံမှုမပြုရန်၊ ကာတာ နိုင်ငံ ဒိုဟာမြို့ အခြေစိုက်အယ်လ်ဂျာဇီယာ ရုပ်မြင်သံကြားဌာနကိုပိတ်သိမ်းရန်၊ တူရကီ၏ စစ်အခြေစိုက်စခန်းတစ်ခုကို ပိတ်သိမ်းပေးရန်၊ အီရန်နိုင်ငံနှင့်ဆက်ဆံရေးအဆင့် လျှော့ချပေးရန် တောင်းဆိုချက်များအပါအဝင် တောင်းဆိုချက် ၁၃ ရပ်ကို အာရပ်လေးနိုင်ငံက ကာတာနိုင်ငံအား ပေးအပ်ခဲ့သည်။
ရိုက်တာ။

No comments:

Post a Comment