Tuesday, August 1, 2017

ခိုးမှုကျူးလွန်သူအား ဖမ်းဆီးစစ်ဆေးရာမှ ခိုးမှုများ ထပ်မံဖော်ထုတ်နိုင်

Image may contain: one or more people and people standing
ရန်ကုန် ဇူလိုင် ၃၁
ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့ဝင်များက နယ်မြေအတွင်း သတင်းစုံစမ်းနေစဉ် ဇူလိုင် ၂၆ ရက် မွန်းလွဲ ၂ နာရီခွဲတွင် ခိုးမှုများကျူးလွန်ထားသူ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် နေ ပြုံးချိုအား၎င်းနေထိုင်ရာ ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ် (၅၃)ရပ်ကွက် အောင်စင်္ကြာလမ်းထိပ်တွင် CANDA CZI- 125 ဆိုင်ကယ်တစ်စီးနှင့်အတူ တွေ့ရှိဖမ်းဆီးရမိခဲ့ သည်။ ၎င်းအားစစ်ဆေးရာ အဆိုပါဆိုင်ကယ်ကို ခိုးယူ လာကြောင်း ပေါ်ပေါက်သဖြင့် ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့မရဲစခန်းတွင် အမှုဖွင့်အရေးယူဆောင်ရွက်ခဲ့သည်။
ဖမ်းဆီးရမိသူ ပြုံးချိုအား ထပ်မံစစ်ဆေးရာ ၎င်းသည် ဖေဖော်ဝါရီလအတွင်းက ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် (၅၇)ရပ်ကွက် ငွေစင်လမ်းရှိ နေအိမ်အတွင်းသို့ ဝင်ရောက် ၍ နေအိမ်အပေါ်ထပ်ရှိ ဗီရိုအတွင်းမှ ရွှေဆွဲကြိုး နှစ်ကုံး၊ ရွှေဆွဲသီး တစ်ခု၊ ရွှေလက်ကောက် နှစ်ကွင်း၊ ရွှေလက်စွပ် နှစ်ကွင်းတို့ကိုလည်းကောင်း၊ ဧပြီလအတွင်းက ဒဂုံမြို့ သစ်(တောင်ပိုင်း)မြို့နယ် (၅၄)ရပ်ကွက် ဓနသုခလမ်းရှိ နေအိမ်တစ်အိမ်အတွင်းသို့ဝင်ရောက်၍ အလေးချိန် တစ်ကျပ် ခြောက်ပဲ ခြောက်ရွေးခန့်ရှိ ရွှေဆွဲကြိုးတစ်ကုံး၊ အဖြူရောင်ကျောက်များပါ ရွှေဆွဲသီး တစ်ခုတို့ကိုလည်း ကောင်း၊ အလားတူ ဧပြီလအတွင်း၌ပင် ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ် (၅၆)ရပ်ကွက်ရှိ နေအိမ်အတွင်းသို့ ဝင်ရောက်၍ Vivo အမျိုးအစား လက်ကိုင်ဖုန်းတစ်လုံး ကိုလည်းကောင်း၊ ဇွန်လအတွင်းကလည်း ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ် (၇၁)ရပ်ကွက် တပင်ရွှေထီးလမ်းရှိ နေအိမ်အတွင်းသို့ ဝင်ရောက်၍ ရွှေဆွဲကြိုးသုံးကုံး၊ ရွှေလက်ကောက် ခုနစ်ကွင်း၊ လက်ကိုင်ဖုန်းတစ်လုံးနှင့် ငွေကျပ် ၁၆ သိန်းတို့ကိုလည်းကောင်း ခိုးယူကာ အဆိုပါ ပစ္စည်းများကို ဇနီးဖြစ်သူ မစန်းစန်းဦးက ပေါင်နှံရောင်းချ ပေးကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။
ပေါ်ပေါက်ချက်များအရ ပြုံးချို(၃၁)နှစ်နှင့် မစန်းစန်း ဦး(၂၉)နှစ်တို့နှစ်ဦးကို ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့မရဲစခန်း တွင် အသီးသီး အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိပြီး အမှုများမှ သက်သေခံပစ္စည်းများကို ပြန်လည်သိမ်းဆည်း နိုင်ခဲ့ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)

No comments:

Post a Comment