Tuesday, August 1, 2017

မြောက်ကိုရီးယားနိုင်ငံနှင့်ပတ်သက်၍ဆုံးဖြတ်ချက်ချရန် တရုတ်နိုင်ငံအားအမေရိကန်တိုက်တွန်း

 
ဝါရှင်တန် ဇူလိုင် ၃၁
မြောက်ကိုရီးယားနိုင်ငံကို ဆန့်ကျင်သည့် အရေးကြီးသောခြေလှမ်းတစ်ခုကို စတင် ရန်ရှိမရှိနှင့်ပတ်သက်၍ ဆုံးဖြတ်ချက် ချသွားရန် အမေရိကန်ပြည်ထောင်စုက တရုတ်နိုင်ငံကို တိုက်တွန်းပြောကြား လိုက်ကြောင်း အင်န်အိတ်ခ်ျကေသတင်း တစ်ရပ်တွင် ဖော်ပြထားသည်။
ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ်နစ်ကီဟာလေသည် မြောက် ကိုရီးယားနိုင်ငံက ¤င်း၏ဒုတိယမြောက် တိုက်ချင်းပစ်ဒုံးကျည် စမ်းသပ်မှုကို အောင်မြင်စွာ စမ်းသပ်နိုင်ခဲ့ပြီဖြစ် ကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့ ပြီးနောက် ထိုသို့ တိုက်တွန်းပြောကြားမှုကို ဖော်ပြခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
နစ်ကီဟာလေက ပြောဆိုဆွေးနွေး မှုများပြုလုပ်ရမည့်အချိန်ကုန်လွန်ခဲ့ပြီ ဖြစ်ကြောင်း ပြောကြားခဲ့သည်။
အမေရိကန်ပြည်ထောင်စုသည် မြောက်ကိုရီးယားနိုင်ငံ၏ နျူကလီးယားနှင့်ဒုံးကျည်အစီအစဉ်များ အတွက် ငွေကြေးရရှိနေမှုကို ဖြတ်တောက်ပစ်ရန် မြောက်ကိုရီးယားနှင့် စီးပွားရေးဖက်စပ် လုပ်ကိုင်နေသည့် တရုတ်ကုမ္ပဏီများနှင့် စီးပွားရေးလုပ်ငန်းများကို နှိပ်ကွပ်ရန် တောင်းဆိုလျက်ရှိသည်။
အမေရိကန်သည် မြောက်ကိုရီးယား အပေါ်တွင် ကုလသမဂ္ဂလုံခြုံရေးကောင်စီ အနေဖြင့် အရေးယူဆောင်ရွက်မှု အသစ်များ တိုးမြှင့်လုပ်ဆောင်သွားနိုင် ရေးအတွက် တရုတ်နိုင်ငံနှင့် စကားပြော ဆိုဆွေးနွေးမှုများပြုလုပ်ခဲ့ကြောင်း သိရ သည်။
(အင်န်အိတ်ခ်ျကေ)

No comments:

Post a Comment